ယေဇကျေလအနာဂတ္တိကျမ်း 4:6
ထိုနေ့ရက်များကုန်လွန်သောအခါယာ ဘက်စောင်းအိပ်၍ ယုဒအမျိုးသားတို့ အပြစ်ဒဏ်ခံရကြမည့်နှစ်တစ်နှစ်လျှင် တစ်ရက်နှုန်းဖြင့်ရက်ပေါင်းလေးဆယ်တိုင် တိုင်သူတို့၏အပြစ်ကိုခံဦးလော့။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 4
Cross References
Daniel 9:24``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
Revelation 9:15ထိုကောင်းကင်တမန်လေးပါးတို့သည်အနှောင် အဖွဲ့မှလွတ်မြောက်၍သွားကြ၏။ သူတို့သည် ဤမည်သောနှစ်၊ လ၊ နေ့ရက်၊ အချိန်နာရီ၌ကမ္ဘာ ၏လူဦးရေသုံးပုံတစ်ပုံကိုသုတ်သင်ပစ်ရန် အတွက်အသင့်ရှိနေသူများဖြစ်ကြ၏။-
Revelation 12:14အမျိုးသမီးသည်တောကန္တာရရှိမိမိအရပ် သို့ပျံသန်းသွားနိုင်ရန် လင်းယုန်ကြီး၏အတောင် နှစ်ခုကိုရရှိထားသည်။ သူသည်ထိုအရပ်တွင် သုံးနှစ်ခွဲတိုင်တိုင် နဂါး၏ဘေးမှကင်းလွတ် လုံခြုံလျက်ပြုစုစောင့်ရှောက်ခြင်းကိုခံရ မည်ဖြစ်၏။-