ယေဇကျေလအနာဂတ္တိကျမ်း 40:45
ထိုလူကတောင်ဘက်သို့မျက်နှာမူလျက်နေသည့်အခန်းသည် ဗိမာန်တော်၏အမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်း၊-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 40
Cross References
Leviticus 8:35သင်တို့သည်တဲတော်တံခါးဝတွင်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကို ခုနစ်ရက် ပတ်လုံးနေ့ညမပြတ်ဆောင်ရွက်လျက်နေ ရမည်။ သင်တို့သည်မိန့်မှာတော်မူသည် အတိုင်းမဆောင်ရွက်လျှင် သေရလိမ့်မည် ဟုထာဝရဘုရားကငါ့အားမိန့်တော် မူပြီ'' ဟူ၍ဆင့်ဆိုလေသည်။-
Numbers 3:32လေဝိအမျိုးသားတို့၏အကြီးအကဲမှာ ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ ဖြစ်သည်။ သူသည်သန့်ရှင်းရာဌာနတော် တွင်တာဝန်ကျသူတို့အားကြီးကြပ် ကွပ်ကဲရသည်။
Numbers 18:5သင်နှင့်သင်၏သားများသာလျှင်သန့်ရှင်း ရာဌာနတော်နှင့်ယဇ်လ္လင်ဆိုင်ရာတာဝန် များကိုထမ်းဆောင်ရမည်။ သို့မှသာလျှင် ငါသည်နောက်တစ်ဖန်ဣသရေလအမျိုး သားတို့အားအမျက်ထွက်တော်မူမည် မဟုတ်။-
1 Chronicles 9:23ထိုအစောင့်တပ်သားများနှင့်သားမြေးတို့ သည် ဆက်လက်၍ဗိမာန်တော်အဝင်တံခါး များကိုစောင့်ရကြ၏။-
Psalms 134:1ကိုယ်တော်၏အစေခံသူ၊ဗိမာန်တော်တွင်ညဥ့် အခါ အမှုတော်ဆောင်သူအပေါင်းတို့၊ လာ၍ထာဝရဘုရားအားထောမနာပြုကြလော့။
Malachi 2:4ထိုအခါငါသည်လေဝိအနွယ်ဝင်တို့နှင့် ပြုခဲ့သည့်ပဋိညာဉ်တော်ကိုတည်မြဲစေ လိုသဖြင့် ဤပညတ်ကိုသင်တို့အားပေး တော်မူခြင်းဖြစ်ကြောင်းသင်တို့သိရှိကြ လိမ့်မည်။''