ယေဇကျေလအနာဂတ္တိကျမ်း 44:13
သူတို့သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ ၏အမှုတော်ကိုမဆောင်ရွက်ရကြ။ သန့်ရှင်း မြင့်မြတ်ရာတစ်စုံတစ်ခုအနားသို့မျှ လည်းမချဉ်းမကပ်ရကြ။ အလွန်သန့်ရှင်း ရာဌာနတော်သို့လည်းမဝင်ရကြ။ ဤ အပြစ်ဒဏ်ကားသူတို့ပြုခဲ့သည့်စက်ဆုပ် ဖွယ်ရာအမှုများအတွက်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 44
Cross References
Numbers 18:3သူတို့သည်သင့်ဝေယျာဝစ္စနှင့်တဲတော် ဝေယျာဝစ္စကိုဆောင်ရွက်ရကြမည်။ သို့ရာ တွင်သူတို့သည်သန့်ရှင်းရာဌာနတော်နှင့် ဆိုင်သောပစ္စည်းများကိုလည်းကောင်း၊ ယဇ် ပလ္လင်ကိုလည်းကောင်းမထိမကိုင်ရ။ အကယ် ၍ထိကိုင်မိလျှင်သင်နှင့်တကွသူတို့သည် သေဒဏ်ခံရကြမည်။-
Jeremiah 3:25အကျွန်ုပ်တို့သည်အရှက်တွင်လဲလျောင်းကာ အသရေပျက်မှုနှင့်လွှမ်းခြုံ၍နေသင့်ကြ ပါ၏။ အကျွန်ုပ်တို့ငယ်စဉ်အချိန်ကစ၍ ယနေ့ထိတိုင်အောင် အကျွန်ုပ်တို့နှင့်ဘိုးဘေး များသည်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားခဲ့ကြပါပြီ။ ကိုယ်တော် ၏စကားကိုလည်းနားမထောင်ခဲ့ကြပါ'' ဟုဆိုကြ၏။
Ezekiel 32:20``အီဂျစ်ပြည်သူတို့သည်စစ်ပွဲတွင်ကျဆုံး သူများနှင့်အတူ သေကြလိမ့်မည်။ အီဂျစ် ပြည်သူအပေါင်းတို့အားသုတ်သင်ပစ်၍ ဆွဲထုတ်သွားရန် ဋ္ဌားသည်အဆင်သင့်ရှိနေ၏။-