The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 44 › ယေဇကျေလအနာဂတ္တိကျမ်း 44:24

ယေဇကျေလအနာဂတ္တိကျမ်း 44:24

အ​မှု​အ​ခင်း​တစ်​စုံ​တစ်​ရာ​ပေါ်​ပေါက်​လာ သော​အ​ခါ သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။ ဘာ​သာ​ရေး ပွဲ​လမ်း​သ​ဘင်​များ​ကို ငါ​၏​ဥ​ပ​ဒေ​စည်း မျဉ်း​နှင့်​အ​မိန့်​များ​အ​ရ​ကျင်း​ပ​ရ​ကြ မည်။ ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့် နေ့​အ​ဖြစ်​ဖြင့်​စောင့်​ထိန်း​ရ​ကြ​မည်။

Common Language Bible

In The King James Version

And in controversy they shall stand in judgment; and they shall judge it according to my judgments: and they shall keep my laws and my statutes in all mine assemblies; and they shall hallow my sabbaths.

In Context

23``ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​ရှင်း​မြင့်​မြတ် သော​အ​ရာ​နှင့်​မ​သန့်​ရှင်း​မ​မြင့်​မြတ်​သော အ​ရာ​တို့​ကွာ​ခြား​ပုံ၊ ဘာ​သာ​ရေး​အ​ရ​သန့် စင်​သော​အ​ရာ​နှင့်​မ​သန့်​စင်​သော​အ​ရာ​ကွာ ခြား​ပုံ​ကို​လူ​တို့​အား​သင်​ကြား​ပေး​ရ​မည်။-

25``ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​အ​လောင်း ကို​တို့​ထိ​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ ရေး​အ​ရ​ညစ်​ညမ်း​အောင်​မ​ပြု​ရ။ သို့​ရာ​တွင် သူ​သည်​မိ​မိ​၏​မိဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ လင်​မ​ရှိ​သော​နှ​မ၊ အစ်​မ​တို့​၏​အ​လောင်း ကို​မူ​တို့​ထိ​နိုင်​လေ​သည်။-

Read all of ယေဇကျေလအနာဂတ္တိကျမ်း 44

Cross References

Deuteronomy 17:8``ဒေ​သ​ခံ​တ​ရား​သူ​ကြီး​များ​သည် လူ​သတ် မှု​နှင့်​လူ​သေ​မှု​၌​သော်​လည်း​ကောင်း၊ ပစ္စည်း ပိုင်​ဆိုင်​ခွင့်​အမှု​အ​ခင်း​များ​နှင့်​ကိုယ်​ထိ​လက် ရောက်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​သော​အ​မှု​အ​ခင်း များ​၌​သော်​လည်း​ကောင်း အ​ဆုံး​အ​ဖြတ်​ပေး ရန်​ခဲ​ယဉ်း​ခြင်း​ရှိ​သော​အ​ခါ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မူ​သည့်​တစ်​ခု​တည်း​သော​ကိုး​ကွယ် ရာ​ဌာ​န​သို့​သွား​၍၊-

1 Chronicles 23:4မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​တို့​အား ဗိ​မာန်​တော် တွင်​ဝတ်​ကြီး​ဝတ်​ငယ်​တို့​ကို​ဆောင်​ရွက်​ရန် စီ​စဉ်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။ လူ​ခြောက် ထောင်​တို့​အား​စာ​ရင်း​အင်း​များ​ကို​ထိန်း သိမ်း​စေ​၍​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဖြင့်​ဆောင်​ရွက်​စေ​တော်​မူ​၏။-

Ezra 2:63ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား​သင်​တို့​သည် ဥ​ရိမ်​နှင့်​သု​မိမ် ကို​အ​သုံး​ပြု​နိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မ​ပေါ်​ထွန်း​မီ၊ သန့်​ရှင်း​သော​အ​စာ​များ​ကို​မ​သုံး​ဆောင်​ရ​ဟု​ပြော​ကြား​လိုက်​သည်။

Isaiah 58:13ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နေ့​အ ဖြစ်​ထား​ရှိ​လျက်၊ ထို​နေ့​၌​ကိုယ်​ကျိုး​ရှာ​လုပ် ငန်း​များ​ကို​ရှောင်​ရှား​ကြ​မည်​ဆို​လျှင်​လည်း ကောင်း၊ အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​နှစ်​သက် သော​ခ​ရီး​သွား​ခြင်း၊ နှစ်​သက်​သော​အ​လုပ် လုပ်​ခြင်း၊ သို့​မ​ဟုတ်​အ​ကျိုး​မ​ရှိ​သော​စ​ကား များ​ကို​ပြော​ဆို​ခြင်း​တို့​ကို​ရှောင်​ကြဉ်​၍၊ ငါ​၏ မြင့်​မြတ်​သန့်​ရှင်း​သည့်​နေ့​တော်​ကို​နှစ်​သက် လျက် တန်​ဖိုး​ထား​ကာ​ရို​သေ​လေး​စား​ကြ မည်​ဆို​လျှင်​လည်း​ကောင်း၊-

Ezekiel 46:9``မည်​သည့်​ပွဲ​နေ့​၌​မ​ဆို​ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လူ​တို့​လာ​ရောက် ကြ​ရာ​တွင်​မြောက်​တံ​ခါး​မှ​ဝင်​သူ​တို့​သည် ကိုး​ကွယ်​ဝတ်​ပြု​ပြီး​လျှင်​တောင်​တံ​ခါး​မှ ထွက်​ရ​ကြ​မည်။ တောင်​တံ​ခါး​မှ​ဝင်​ကြ​လျှင် မြောက်​တံ​ခါး​မှ​ထွက်​ရ​ကြ​မည်။ အ​ဘယ် သူ​မျှ​မိ​မိ​လာ​လမ်း​အ​တိုင်း​မ​ပြန်​ရ​ကြ။ လူ​တိုင်း​ပင်​မိ​မိ​တို့​ဝင်​ရာ​တံ​ခါး​ဖြင့်​မ ပြန်​ဘဲ​တည့်​တည့်​သွား​၍​ထွက်​ရ​ကြ​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 44:24

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 44:23ယေဇကျေလအနာဂတ္တိကျမ်း 44ယေဇကျေလအနာဂတ္တိကျမ်း 44:25 →