ယေဇကျေလအနာဂတ္တိကျမ်း 44:3
သို့ရာတွင်ယခုနန်းစံလျက်ရှိသည့်မင်းသား သည်ကား ထိုအရပ်သို့သွား၍ငါ၏ရှေ့တော် တွင်သန့်ရှင်းမြင့်မြတ်သည့်စားဖွယ်ခဲဖွယ်ကို စားသောက်နိုင်ခွင့်ရှိ၏။ သူသည်အစွန်ဆုံးရှိ အခန်းကြီးကိုဖြတ်၍ဤတံခါးဖြင့်ဝင် ထွက်သွားလာရန်ဖြစ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 44
Cross References
Exodus 24:9မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်တို့သည် တောင်ပေါ်သို့တက်၍၊-
Deuteronomy 12:17ထာဝရဘုရားအားဆက်ကပ်သောပူဇော် သကာများကို သင်တို့နေထိုင်ရာမြို့များတွင် မစားသုံးရ။ ဆန်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ တို့၏ဆယ်ဖို့တစ်ဖို့၊ သိုးနွားများမှသားဦး ပေါက်များ၊ ထာဝရဘုရားအားကတိထား သောပူဇော်သကာများ၊ မိမိစေတနာ အလျောက်ပေးလှူသောအလှူများနှင့်အခြား အလှူများကိုသင်တို့၏မြို့ရွာများတွင် မသုံးဆောင်ရ။-
2 Chronicles 23:13တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ ခြံရံလျက် ဗိမာန်တော်အဝင်ဝရှိကျောက် တိုင်အနီးတွင်ဘုရင်တို့အတွက် သီးသန့် ထားသည့်နေရာတွင်ရပ်နေသောဘုရင်သစ် ကိုတွေ့မြင်လေ၏။ လူအပေါင်းတို့သည်ဝမ်း မြောက်စွာကြွေးကြော်လျက် တံပိုးခရာများ ကိုမှုတ်လျက်ဗိမာန်တော်ဂီတပညာသည် များကလည်း မိမိတို့တူရိယာများကို တီးမှုတ်လျက်ဘိသိက်ပွဲကိုကျင်းပနေ ကြ၏။ အာသလိသည်မိမိအဝတ်ကို ဆုတ်လျက်``ပုန်ကန်မှုပါတကား၊ ပုန်ကန် မှုပါတကား'' ဟုအော်ဟစ်၏။
Isaiah 23:18ကုန်သွယ်၍ရရှိသည့်ငွေများကို ထာဝရ ဘုရားအားဆက်ကပ်လှူဒါန်းလိမ့်မည်။ ယင်း တို့ကိုသိမ်းဆည်း၍ထားလိမ့်မည်မဟုတ်။ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်သူ တို့သည်လည်း ထိုငွေဖြင့်မိမိတို့လိုအပ် သည့်အစားအစာများနှင့် အဝတ်အထည် များကိုဝယ်ခြမ်းကြလိမ့်မည်။
Ezekiel 34:24ငါထာဝရဘုရားသည်သူတို့၏ဘုရား ဖြစ်လိမ့်မည်။ ငါ၏အစေခံဒါဝိဒ်ကဲ့သို့ သောဘုရင်သည်လည်း သူတို့၏ဘုရင် ဖြစ်လိမ့်မည်။ ဤကားငါမိန့်တော်မူသော စကားဖြစ်၏။-