ယေဇကျေလအနာဂတ္တိကျမ်း 44:8
သူတို့သည်ငါ၏ဗိမာန်တော်တွင်သန့်ရှင်း မြင့်မြတ်သည့်ဝတ်တို့ကိုတာဝန်ယူ၍ ဆောင်ရွက်မည့်အစားလူမျိုးခြားတို့ အားဆောင်ရွက်စေကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 44
Cross References
Leviticus 22:10``ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင်သူ သာလျှင် သန့်ရှင်းသောပူဇော်သကာကိုစား နိုင်သည်။ ယဇ်ပုရောဟိတ်နှင့်အတူနေထိုင် သောသူနှင့်၊ သူငှားတို့သည်ပူဇော်သကာ ကိုမစားရ။-
Numbers 8:26အသက်ငါးဆယ်အရွယ်လွန်သူသည်တဲ တော်နှင့်ဆိုင်သောအလုပ်တွင် ဆွေမျိုးသား ချင်းတို့အားကူညီနိုင်သော်လည်း မိမိကိုယ် တိုင်တာဝန်ယူ၍မဆောင်ရွက်ရ။ သင်သည် ဤစည်းကမ်းချက်များနှင့်အညီ လေဝိ အနွယ်ဝင်တို့အားတာဝန်ပေးရမည်'' ဟု မိန့်တော်မူ၏။
Numbers 18:7သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။
Ezra 8:24ငါသည်ယဇ်ပုရောဟိတ်အကြီးအကဲများ အနက် ရှေရဘိ၊ ဟာရှဘိနှင့်အခြားဆယ် ဦးတို့ကိုရွေးချယ်ပြီးလျှင်၊-
Ezekiel 44:14ဗိမာန်တော်တွင်အစေခံများသာလုပ်ဆောင် အပ်သောအမှုခပ်သိမ်းကိုဆောင်ရွက်ရန်သူ တို့အားငါခန့်ထားမည်'' ဟုမိန့်တော်မူ၏။
Acts 7:53ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသည့်ပညတ်တော်ကိုရရှိသော်လည်း ထိုပညတ်တော်ကိုမလိုက်နာကြပါတကား'' ဟုသတေဖန်မြွက်ဆို၏။