ယေဇကျေလအနာဂတ္တိကျမ်း 46:12
``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 46
Cross References
Leviticus 7:16တစ်စုံတစ်ယောက်သည် မိမိ၏အဋ္ဌိဋ္ဌာန်ပြည့် သည်အတွက်ဖြစ်စေ၊ မိမိ၏စေတနာအ လျောက်ဖြစ်စေမိတ်သဟာယယဇ်ကိုပူဇော် ဆက်ကပ်သည့်အခါ ပူဇော်သောနေ့၌ယဇ် ကောင်၏အသားကိုအကုန်စားရန်မလို။ ကြွင်းကျန်သောအသားကိုနောက်တစ်နေ့ ၌စားနိုင်သည်။-
Numbers 29:39ဤပြဋ္ဌာန်းချက်များကားသတ်မှတ်ထားသော ပွဲနေ့များ၌ ထာဝရဘုရားအားပူဇော်ရ မည့်မီးရှို့ရာသကာများ၊ ဘောဇဉ်သကာများ၊ စပျစ်ရည်သကာများနှင့်မိတ်သဟာယသကာ များနှင့်ဆိုင်သောပြဋ္ဌာန်းချက်များဖြစ်သည်။ ဤသကာများသည်ကတိဝတ်ဖြည့်သောသကာ၊ စေတနာအလျောက်ဆက်သသောသကာများ အပြင်ထာဝရဘုရားပြဋ္ဌာန်းသောသကာ များဖြစ်သည်။
1 Chronicles 29:21နောက်တစ်နေ့၌သူတို့သည်ယဇ်ကောင်များ အဖြစ်ဖြင့်တိရစ္ဆာန်များကိုသတ်၍ ထာဝရ ဘုရားအားဆက်သပြီးလျှင် လူတို့အား စားသုံးရန်ပေးကြ၏။ သူတို့သည်စပျစ်ရည် ပူဇော်သကာများကိုလည်းယူဆောင်လာ ကြ၏။ ထိုအပြင်နွားသိုးတစ်ထောင်၊ သိုး ထီးတစ်ထောင်နှင့်သိုးငယ်တစ်ထောင်တို့ ကိုယဇ်ပလ္လင်ပေါ်တွင်တစ်ကောင်လုံး မီးရှို့ပူဇော်ကြလေသည်။-
2 Chronicles 7:5မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့် သိုးကောင်ရေတစ်သိန်းနှစ်သောင်းကိုမိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်ရာဗိမာန်တော်ကိုအနုမောဒနာ ပြုကြလေသည်။-
Ezra 1:4အကယ်၍ပြည်နှင်ဒဏ်သင့်လျက်ရှိသည့် ကိုယ်တော်၏လူမျိုးတော်ဝင်ပြန်သွားရန်အတွက် အကူအညီလိုပါကသူတို့၏ပတ်ဝန်းကျင်ရှိလူတို့က ကူညီရကြမည်။ သူတို့သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်များအပြင် ယေရုရှလင်မြို့ရှိဘုရားသခင်၏ဗိမာန်တော်အတွက် အလှူဒါနများကိုပေးရကြမည်'' ဟုပါရှိသတည်း။
Ezra 6:17ထိုအနုမောဒနာပွဲ၌သူတို့သည်နွားကောင်ရေတစ်ရာ၊ သိုးကောင်ရေနှစ်ရာနှင့်သိုးသားငယ်ကောင်ရေလေးရာကိုယဇ်ကောင်များအဖြစ်ဖြင့်လည်းကောင်း၊ ဣသရေလတစ်နွယ်လျှင်ဆိတ်တစ်ကောင်ကျဖြင့် ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုအပြစ်ဖြေရာပူဇော်သကာအဖြစ်ဖြင့်လည်းကောင်းပူဇော်ကြ၏။-