ယေဇကျေလအနာဂတ္တိကျမ်း 47:13
အရှင်ထာဝရဘုရားက``ဣသရေလ လူမျိုးဆယ့်နှစ်ပါးအတွက်မြေယာနယ် နိမိတ်သတ်မှတ်ပေးရမည်။ မြေယာနယ် နိမိတ်များမှာအောက်ပါအတိုင်းဖြစ်၏။ ယောသပ်အနွယ်ဝင်တို့သည်အခြား အနွယ်အသီးသီးတို့ထက်နှစ်ဆပို၍ ရရှိစေရမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 47
Cross References
Genesis 49:26အသီးအနှံနှင့်ပန်းမာလ်ကိုလည်းကောင်း ပေးတော်မူပါစေသော။ အမြဲတည်သောတောင်ကုန်းများမှ နှစ်သက်ဖွယ်ရာကောင်းချီးမင်္ဂလာများကိုလည်း သင့်အားပေးတော်မူပါစေသော။ ဤကောင်းချီးအပေါင်းတို့သည်မိမိ ညီအစ်ကိုတို့ထက်ထူးကဲသောယောသပ် ၏ ဦးခေါင်းပေါ်သို့သက်ရောက်ပါစေသော။
Numbers 34:2``သင်တို့သည်ငါပေးမည့်ခါနာန်ပြည်သို့ ဝင်ရောက်ကြသောအခါ သင်တို့ပိုင်နက် နယ်နိမိတ်ကိုဤသို့သတ်မှတ်ရမည်။-
Joshua 16:4ယောသပ်၏အဆက်အနွယ်များဖြစ်ကြ သောဧဖရိမ်အနွယ်နှင့် အနောက်မနာရှေ အနွယ်တို့သည်ဖော်ပြပါနယ်မြေကို အပိုင်ရရှိကြလေသည်။
1 Chronicles 5:1ရုဗင်၏သားမြေးများကားအောက်ပါ အတိုင်းဖြစ်၏။ (ရုဗင်သည်ဣသရေလ ၏သားဦးဖြစ်သော်လည်း အဖ၏မောင်းမ တစ်ယောက်နှင့်ပြစ်မှားသဖြင့် သားဦး၏ အခွင့်အရေးများကိုဆုံးရှုံးရလေသည်။ ထိုအခွင့်အရေးများသည်ဣသရေလ ၏သားယောသပ်၏လက်သို့ရောက်ရှိ သွား၏။ သို့ဖြစ်၍သားစဉ်မြေးဆက် အလိုက်ရေတွက်သောအခါ သားဦး အရာကိုရုဗင်မရရှိပေ။-
Jeremiah 31:1ထာဝရဘုရားက``ငါသည်ဣသရေလအနွယ် ဝင်အပေါင်း၏ဘုရားဖြစ်လျက်သူတို့သည် လည်း ငါ၏လူမျိုးတော်ဖြစ်လာကြမည့်နေ့ ရက်ကာလသည်ကျရောက်လာလိမ့်မည်။-