ယေဇကျေလအနာဂတ္တိကျမ်း 5:11
အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 5
Cross References
Deuteronomy 7:25သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-
2 Kings 21:4ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရမည့်ဌာန တော်ဟု ထာဝရဘုရားမိန့်တော်မူရာဗိမာန် တော်တွင် ရုပ်တုများကိုပူဇော်ရန်ယဇ်ပလ္လင် များကိုတည်ဆောက်၏။-
2 Kings 23:12အာခတ်မင်းစံခဲ့သည့်အဆောင်တော်အထက် ရှိနန်းတော်အမိုးပေါ်တွင်ယုဒဘုရင်တို့ တည်ဆောက်ထားသည့်ယဇ်ပလ္လင်များကိုလည်း ကောင်း၊ ဗိမာန်တော်ဝင်းနှစ်ခုအတွင်းမနာရှေ မင်းဆောက်လုပ်ခဲ့သော ယဇ်ပလ္လင်များကိုလည်း ကောင်းယောရှိမင်းသည်ဖြိုဖျက်၍ကြေမွ အောင်ဖျက်ဆီးပြီးလျှင် ကေဒြုန်ချိုင့်ဝှမ်း ထဲသို့ပစ်ချလိုက်လေသည်။-
2 Chronicles 33:7သူသည်ရုပ်တုတစ်ခုကိုဗိမာန်တော်တွင်ထား ၏။ ထိုဗိမာန်တော်နှင့်ပတ်သက်၍ထာဝရဘုရား ကဒါဝိဒ်နှင့်သားတော်ရှောလမုန်အား``ဣသ ရေလအနွယ်တစ်ဆယ့်နှစ်နွယ်တို့၏နယ်မြေ ရှိသမျှအနက် ငါရွေးချယ်တော်မူသော ယေရုရှလင်မြို့ရှိဤဗိမာန်တော်၌ ငါ့ကို အစဉ်အမြဲဝတ်ပြုကိုးကွယ်ရကြမည်။-
Psalms 95:11ငါသည်သူတို့အားအမျက်ထွက်သဖြင့်``သင်တို့ စိတ်အေးချမ်းသာစွာနေထိုင်ရမည့်ပြည်ကို သင်တို့သည်အဘယ်အခါ၌မျှမဝင်ရကြ'' ဟုကျိန်ဆို၏။
Jeremiah 7:9သင်တို့သည်ခိုးဝှက်မှု၊ လူသတ်မှု၊ သူ့မယား ကိုပြစ်မှားမှု၊ ကျိန်ဆို၍လိမ်လည်မှု၊ ဗာလ ဘုရားကိုယဇ်ပူဇော်မှုနှင့်မိမိတို့မသိ ဘူးသည့်ဘုရားများကိုဝတ်ပြုကိုးကွယ် မှုတို့ကိုပြုကြ၏။-