ယေဇကျေလအနာဂတ္တိကျမ်း 7:13
ကုန်သွယ်သူသည်မိမိရောင်းလိုက်သည့်မြေယာ ကိုပြန်လည်ရရှိရန် အသက်ရှည်နိုင်လိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူတိုင်းနှင့် ဆိုင်သောဘုရားသခင်၏ဗျာဒိတ်တော်ကို ပြန်လည်ပြင်ဆင်မည်မဟုတ်သောကြောင့်တည်း။ သူတို့အပြစ်ကြောင့်ဆိုးညစ်သူတို့သည် မသေဘဲကျန်ရစ်နိုင်ကြမည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 7
Cross References
Leviticus 25:24မြေကိုရောင်းချသည့်အခါမူလပိုင်ရှင်က ထိုမြေကိုပြန်၍ဝယ်ယူခွင့်ရှိစေရမည်။-
Job 15:25အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
Ecclesiastes 8:8နံဝိညာဉ်ကို အစိုးရ၍ ချုပ်ထားနိုင်သော လူတ ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ။ ဒုစရိုက်ကို ပြုသော် လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင်။
Ezekiel 12:28သို့ဖြစ်၍ကြန့်ကြာမှုရှိတော့မည်မဟုတ်။ ငါ ဖော်ပြခဲ့သည့်အတိုင်းဖြစ်လိမ့်မည်ဟု ငါ အရှင်ထာဝရဘုရားမိန့်တော်မူပြီဖြစ် ကြောင်း ထိုသူတို့အားဆင့်ဆိုလော့။ ဤကား ငါအရှင်ထာဝရဘုရားမိန့်မြွက်တော်မူ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Ezekiel 33:26သင်တို့သည်မိမိတို့၏ဋ္ဌားကိုအားကိုး ကြ၏။ သင်တို့အကျင့်များသည်လည်းစက် ဆုပ်ဖွယ်ကောင်း၏။ လူတိုင်းပင်သူတစ်ပါး ၏အိမ်ရာကိုပြစ်မှားကြ၏။ သို့ပါလျက် ဤပြည်ကိုသင်တို့အပိုင်ရပြီဟုအဘယ် ကြောင့်ထင်မှတ်ကြသနည်း။