ယေဇကျေလအနာဂတ္တိကျမ်း 7:24
ငါသည်အဆိုးညစ်ဆုံးသောလူမျိုးတို့အား ဤအရပ်သို့ခေါ်ဆောင်၍ သင်တို့၏နေအိမ် များကိုသိမ်းယူစေမည်။ ထိုသူတို့အားသင် တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုညစ် ညမ်းစေရန် ငါအခွင့်ပေးသောအခါခွန် အားကြီးသူတို့သည်အားလျော့စိတ်ပျက် ကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 7
Cross References
2 Chronicles 7:19သို့ရာတွင်အကယ်၍သင်နှင့်သင်၏ပြည်သူ တို့သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်တို့ကိုချိုးဖောက်၍အခြားဘုရား များကိုကိုးကွယ်ကြလျှင်မူကား၊-
Psalms 83:12ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့က``ငါတို့သည် ဘုရားသခင်ပိုင်တော်မူသောပြည်ကို သိမ်းယူကြကုန်အံ့'' ဟုဆိုကြပါ၏။
Isaiah 5:14မရဏနိုင်ငံသည်သူတို့အားဝါးမျိုလို သဖြင့် မိမိ၏ပါးစပ်ကိုကျယ်စွာဟလျက် နေ၏။ ယေရုရှလင်မြို့မှမှူးမတ်များကိုလည်း ယောက်ယက်ခတ်ဆူညံနေသောဆင်းရဲသား လူအုပ်ကြီးနှင့်အတူမျိုချလိုက်လေသည်။
Jeremiah 17:4သင်၏အပြစ်ကြောင့် သင်တို့သည်ငါပေးအပ် ခဲ့သည့်ပြည်ကိုစွန့်လွှတ်ရကြလိမ့်မည်။ ငါ ၏အမျက်တော်သည်မီးနှင့်တူ၍ထာဝစဉ် တောက်လောင်လျက်နေမည်ဖြစ်၍ ငါသည်သင် တို့အားမိမိတို့မရောက်ဘူးသည့်ပြည်တွင် ရန်သူများ၏အစေကိုခံစေမည်'' ဟုမိန့် တော်မူ၏။
Ezekiel 21:2ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့ဘက်သို့လှည့်၍ထိုမြို့ကိုရှုတ်ချလော့။ လူ တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုရှုတ် ချလော့။ ဣသရေလပြည်ကိုပရောဖက်ပြု ၍သတိပေးလော့။-