ယေဇကျေလအနာဂတ္တိကျမ်း 7:3
``အို ဣသရေလနိုင်ငံ၊ သင်ပျက်သုဉ်းရာအချိန် ကျပြီ။ သင်ပြုခဲ့သောအမှုများအတွက် ငါ သည်သင့်အားတရားစီရင်ပြီဖြစ်၍ သင်သည် ငါ၏အမျက်တော်ဒဏ်ကိုခံရလိမ့်မည်။ သင် ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုအပေါင်း၏ အကျိုးဆက်ကိုသင့်အားငါပေးဆပ်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 7
Cross References
Jeremiah 13:14ထိုနောက်ငါသည်အိုးများကိုတစ်ခုနှင့် တစ်ခုထိခိုက်၍ကွဲစေသကဲ့သို့ သူတို့ အားကြီးငယ်မရွေးဖျက်ဆီးမည်။ အဘယ် သနားကြင်နာ၊ ကရုဏာစိတ်ကမျှငါ့ ကိုသူတို့အားသတ်ဖြတ်မှုမှဆီးတား လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
Ezekiel 5:13``သင်သည်ငါစိတ်မပြေမချင်းငါ၏ အမျက်ဒေါသဒဏ်ကိုအပြည့်အဝခံ ရလိမ့်မည်။ ငါထာဝရဘုရားသည်သင်၏ သစ္စာမဲ့မှုအတွက်အမျက်ထွက်လျက် ဤ သို့မိန့်တော်မူကြောင်းကို သင်သည်ဤအမှု အရာများဖြစ်ပျက်ချိန်၌သိရှိနားလည် လိမ့်မည်။-
Ezekiel 6:12ရပ်ဝေးသို့ရောက်နေသူများသည်ဖျားနာ၍ သေရကြလျက် အနီး၌ရှိနေသူတို့မူကား စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ မသေဘဲ ကျန်ရစ်သူတို့သည်အစာငတ်၍သေရ ကြလိမ့်မည်။ သူတို့သည်ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝခံရကြလိမ့်မည်။-
Ezekiel 7:27မင်းကြီးသည်ညည်းတွားမြည်တမ်းလျက်နေ လိမ့်မည်။ မင်းသားသည်လည်းမျှော်လင့်ရာမဲ့ ဖြစ်၍နေလိမ့်မည်။ ပြည်သူတို့ကားကြောက် လန့်တုန်လှုပ်လျက်နေကြလိမ့်မည်။ ငါသည် သင်တို့အားမိမိတို့ပြုခဲ့သမျှသောအမှု များအတွက်အပြစ်ဒဏ်ပေးမည်။ သင်တို့သူ တစ်ပါးအားတရားစီရင်ခဲ့ကြသည်နည်း တူ သင်တို့အားငါတရားစီရင်မည်။ ဤနည်း အားဖြင့်ငါသည်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Ezekiel 11:10သင်တို့သည်မိမိတို့ပြည်နယ်စပ်၌သင်တို့ ကိုတရားစီရင်သဖြင့် စစ်ပွဲတွင်ကျဆုံးရ ကြလိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို လူတိုင်းသိရှိကြ လိမ့်မည်။-
Ezekiel 16:38ငါသည်သင့်အားသူတစ်ပါးအိမ်ရာကို ပြစ်မှားမှု၊ လူသတ်မှုတို့အတွက်ပြစ်ဒဏ် စီရင်မည်။ ငါသည်ပြင်းစွာဒေါသအမျက် ထွက်၍ မရှုစိမ့်သဖြင့်သင့်အားကလဲ့စား ချေ၍သေဒဏ်ပေးမည်။-