The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 8 › ယေဇကျေလအနာဂတ္တိကျမ်း 8:6

ယေဇကျေလအနာဂတ္တိကျမ်း 8:6

ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ထို​သူ​တို့​ပြု​နေ​သည့်​အ​မှု​ကို​သင်​မြင်​သ​လော။ ဤ​အ​ရပ်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​နေ​ကြ​သည့်​စက်​ဆုပ်​ဖွယ်​ရာ​များ​ကို​ကြည့်​လော့။ သူ​တို့​သည်​ငါ့​အား​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့်​ဝေး​သည်​ထက်​ဝေး​အောင်​နှင်​ထုတ်​လျက်​နေ​ကြ​၏။ သင်​သည်​ထို​အ​ရာ​တို့​ထက်​ပို​၍​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ရာ​တို့​ကို​မြင်​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

He said furthermore unto me, Son of man, seest thou what they do? even the great abominations that the house of Israel committeth here, that I should go far off from my sanctuary? but turn thee yet again, and thou shalt see greater abominations.

In Context

5ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ မြောက်​ဘက်​သို့​ကြည့်​လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ကြည့်​လိုက်​သော​အ​ခါ တံ​ခါး​ဝ​အ​နီး​ယဇ်​ပလ္လင်​ဘေး​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​ကို​ငါ​မြင်​ရ​၏။

7ကိုယ်​တော်​သည်​ငါ့​အား​အ​ပြင်​တံ​တိုင်း​အ​ဝင်​ဝ​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် တံ​တိုင်း​တွင်​ရှိ​သော​အ​ပေါက်​တစ်​ခု​ကို​ပြ​တော်​မူ​၏။-

Read all of ယေဇကျေလအနာဂတ္တိကျမ်း 8

Cross References

Deuteronomy 31:16ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ထဲ​က မော​ရှေ​အား``သင်​သည်​မ​ကြာ​မီ​စု​တေ​ရ​မည်။ သင်​အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် သစ္စာ​ဖောက်​၍​သူ​တို့​နှင့်​ငါ​ပြု ထား​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ သူ​တို့​ဝင်​ရောက် မည့်​ပြည်​ရှိ​အ​ခြား​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-

2 Chronicles 29:5မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​သည်။ မင်း​ကြီး က``အ​ချင်း​လေ​ဝိ​အ​နွယ်​ဝင်​တို့၊ သင်​တို့ သည်​မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ပူ​ဇော်​လျက် သင်​တို့​ဘိုး​ဘေး​များ​၏ ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​ဗိ​မာန်​တော်​သန့်​စင်​မှု ကို​ဆောင်​ရွက်​ကြ​လော့။ ဗိ​မာန်​တော်​ကို​ညစ် ညမ်း​စေ​သည့်​အ​ရာ​ဟူ​သ​မျှ​ကို​ဖယ်​ရှား ကြ​လော့။-

Psalms 78:60ငါ​တို့​တွင်​ကိန်း​ဝပ်​တော်​မူ​ရာ​ရှိ​လော​မြို့​ရှိ တဲ​တော်​ကို ကိုယ်​တော်​သည်​စွန့်​ပစ်​တော်​မူ​၏။

Jeremiah 3:6ယော​ရှိ​မင်း​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​က ငါ့​ကို``ထို​သစ္စာ​မဲ့​သည့်​အ​မျိုး​သ​မီး​ဣ​သ ရေ​လ​သည် ငါ့​အား​မည်​သို့​စွန့်​ပစ်​၍​သွား သည်​ကို​သင်​မြင်​ပြီ​လော။ သူ​သည်​တောင်​မြင့် မှန်​သ​မျှ​အ​ပေါ်​တွင်​လည်း​ကောင်း၊ စိမ်း​လန်း သည့်​သစ်​ပင်​ရှိ​သ​မျှ​အောက်​တွင်​လည်း ကောင်း ပြည့်​တန်​ဆာ​အ​လုပ်​ကို​လုပ်​၏။-

Jeremiah 7:30ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သူ​တို့​သည် ဒု​စ​ရိုက်​ကို​ပြု​ကျင့်​ကြ​လေ​ပြီ။ သူ​တို့​သည် ငါ​စက်​ဆုတ်​သည့်​ရုပ်​တု​များ​ဖြင့် ငါ့​နာ​မ တော်​ကို​ဆောင်​သော​အိမ်​တော်​ထဲ​သို့​ယူ​ဆောင် လာ​၍​ညစ်​ညမ်း​စေ​လေ​ပြီ။-

Jeremiah 26:6သင်​တို့​သည်​ယ​ခု​ငါ​ပြော​သည့်​အ​တိုင်း​မ​ပြု ဘဲ​နေ​ခဲ့​ပါ​မူ ငါ​သည်​ဤ​မြို့​ကို​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​စေ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ဤ​မြို့​၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်​ဟု​ပြော​ကြား လော့'' ဟူ​၍​ဖြစ်​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 8:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 8:5ယေဇကျေလအနာဂတ္တိကျမ်း 8ယေဇကျေလအနာဂတ္တိကျမ်း 8:7 →