ဧဇရမှတ်စာ 1:8
မင်းကြီးသည်ထိုဖလားတို့ကိုရွှေတိုက်စိုးမိသရေဒတ်သို့ပေးအပ်၍ မိသရေဒတ်သည်ယင်းတို့ကိုယုဒဘုရင်ခံရှေရှဗာဇာသို့၊-
Common Language Bible
In The King James Version
In Context
Cross References
Ezra 1:11ရှေရှဗာဇာသည်ပြည်နှင်ဒဏ်သင့်သူများနှင့်အတူ ဗာဗုလုန်ပြည်မှယေရုရှလင်မြို့သို့ပြန်သောအခါ ရွှေဖလား၊ ငွေဖလားနှင့်အခြားပစ္စည်းအသုံးအဆောင်အရေအတွက် စုစုပေါင်းငါးထောင့်လေးရာတို့ကိုယူဆောင်ခဲ့၏။
Ezra 5:2ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။
Ezra 5:16သို့ဖြစ်၍ရှေရှဗာဇာသည်လာရောက်ပြီးနောက် ဗိမာန်တော်အုတ်မြစ်ကိုချပါ၏။ ထိုဗိမာန်တော်တည်ဆောက်မှုမှာ ယနေ့တိုင်ဆက်လက်လုပ်ကိုင်လာခဲ့သော်လည်းမပြီးပြတ်သေးပါ' ဟုပြန်လည်ပြောကြားကြပါသည်။
Haggai 1:14ထာဝရဘုရားသည်ယုဒဘုရင်ခံရှာလ လေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရော ဟိတ်မင်းယောဇဒတ်၏သားယောရှုနှင့် ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူအပေါင်း တို့အား ဗိမာန်တော်တည်ဆောက်မှုတွင်စိတ် အားထက်သန်၍လာစေတော်မူ၏။ သူတို့ သည်မိမိတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရား၏ဗိမာန်တော် တည်ဆောက်မှုကို၊-
Zechariah 4:6ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-