The Bible Software
bible.software › ဧဇရမှတ်စာ › ဧဇရမှတ်စာ 10 › ဧဇရမှတ်စာ 10:11

ဧဇရမှတ်စာ 10:11

သို့​ဖြစ်​၍​သင်​တို့​အ​ပြစ်​ကို သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​ဝန်​ခံ​ပြီး​လျှင် ကိုယ်​တော်​နှစ်​သက်​တော် မူ​သည့်​အ​မှု​ကို​ပြု​ကြ​လော့။ ငါ​တို့​ပြည် တွင်​သင်​တို့​နှင့်​အ​တူ နေ​ထိုင်​ကြ​သူ​လူ​မျိုး ခြား​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့​၏​လူ​မျိုး ခြား​ဇ​နီး​များ​နှင့်​လည်း​ကောင်း​ခွဲ​ခွာ ကြ​လော့'' ဟု​ဆို​၏။

Common Language Bible

In The King James Version

Now therefore make confession unto the LORD God of your fathers, and do his pleasure: and separate yourselves from the people of the land, and from the strange wives.

In Context

10ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည်​ထ​၍ ထို​သူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​၏။ ဧ​ဇ​ရ​က``သင်​တို့ သည်​သစ္စာ​မဲ့​ကြ​လေ​ပြီ။ လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကာ ဣ​သ ရေ​လ​အ​မျိုး​အား​အ​ပြစ်​သင့်​စေ​ကြ လေ​ပြီ။-

12လူ​တို့​က​လည်း``အ​ရှင်​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​ပြု​ပါ​မည်'' ဟု​ပြန်​လည်​ဟစ် အော်​ပြော​ဆို​ကြ​၏။-

Read all of ဧဇရမှတ်စာ 10

Cross References

Deuteronomy 7:3သူ​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ခြင်း​မ​ပြု​ရ။ သင်​တို့​၏​သား​သ​မီး​များ​ကို​လည်း သူ​တို့ နှင့်​လက်​ထပ်​ထိမ်း​မြား​ခြင်း​မ​ပြု​စေ​ရ။-

Ezra 9:1ဤ​အ​မှု​ကိစ္စ​အ​ပေါင်း​ကို​ဆောင်​ရွက်​၍​ပြီး​သော အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍``ပြည်​သူ​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည် မိ​မိ တို့​ပတ်​ဝန်း​ကျင်​တွင် ရှိ​သည့်​အမ္မုန်​ပြည်၊ မော​ဘ ပြည်၊ အီ​ဂျစ်​ပြည်​တို့​မှ​လူ​များ​နှင့်​လည်း​ကောင်း၊ ခါ​နာ​နိ၊ ဟိတ္တိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​များ၊ အာ​မော​ရိ အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း ကင်း​ရှင်း စွာ​မ​နေ​ကြ။ သူ​တို့​သည်​ထို​သူ​တို့​ပြု​ကျင့် သည့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော​အ​မှု တို့​ကို​ပြု​ကျင့်​ကြ​ပါ​၏။-

Psalms 32:5ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ် များ​ကို ကိုယ်​တော်​၏​ထံ​တွင်​ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​မိ​သည့်​အ​မှား​များ​ကို အ​ထံ​တော်​မှ​ဖုံး​ကွယ်​၍​မ​ထား​ပါ။ ယင်း​တို့​ကို​ကိုယ်​တော်​အား​ဖော်​ပြ​ဝန်​ခံ​ရန် ကျွန်​တော်​မျိုး​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကူး​လွန်​မှု ရှိ​သ​မျှ​တို့​အ​တွက်​အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ​၏။

Isaiah 1:16သင်​တို့​၏​စိတ်​နှ​လုံး​ကို​စင်​ကြယ်​အောင်​ပြု​ကြ​လော့။ ငါ့​ရှေ့​တော်​တွင်​သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​တို့​ကို​ရပ်​စဲ​ကြ​လော့။ ဒု​စ​ရိုက်​ပြု​မှု​ကို​ရပ်​စဲ​ကာ၊-

Jeremiah 3:13သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို ပုန်​ကန်​မိ​ကြောင်း​နှင့်​အ​ပြစ်​ရှိ ကြောင်း​ကို​သာ​လျှင်​ဝန်​ခံ​လော့။ စိမ်း​လန်း သည့်​သစ်​ပင်​ရှိ​သ​မျှ​အောက်​တွင် သင်​သည် လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​အား​မြတ်​နိုး ခဲ့​ကြောင်း​ကို​ဝန်​ခံ​လော့။ ငါ့​စ​ကား​ကို​နား မ​ထောင်​မိ​ခဲ့​ကြောင်း​ကို​လည်း​ဝန်​ခံ​လော့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဧဇရမှတ်စာ 10:11

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဧဇရမှတ်စာ 10:10ဧဇရမှတ်စာ 10ဧဇရမှတ်စာ 10:12 →