ဧဇရမှတ်စာ 10:4
ဤအမှုကိုအရှင်တာဝန်ယူဆောင်ရွက် တော်မူပါ။ အကျွန်ုပ်တို့သည်အရှင်အား ဝိုင်းဝန်းကူညီကြပါမည်။ သို့ဖြစ်၍ရဲရင့် စွာဆောင်ရွက်တော်မူပါ'' ဟုပြော၏။
Common Language Bible
In The King James Version
In Context
Cross References
Joshua 1:16ထိုသူတို့က``အကျွန်ုပ်တို့သည်ကိုယ်တော် မှာကြားသမျှကိုလိုက်နာ၍ ကိုယ်တော် စေလွှတ်ရာအရပ်သို့သွားပါမည်။-
1 Chronicles 22:16ရွှေ၊ ငွေ၊ ကြေးဝါ၊ သံတို့နှင့်သက်ဆိုင်သော လက်မှုပညာသည်အမျိုးမျိုးတို့လည်း များစွာရှိ၏။ သင်သည်ယခုပင်အလုပ် ကိုစတင်လော့။ ထာဝရဘုရားသည်သင် နှင့်အတူရှိတော်မူပါစေသော'' ဟုမိန့် တော်မူ၏။
1 Chronicles 28:10ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့် မြတ်သောဗိမာန်တော်ကိုတည်ဆောက်ရန် အတွက် သင့်အားရွေးချယ်တော်မူပြီဖြစ် ကြောင်းသင်သိမှတ်ရပေမည်။ သို့ဖြစ်၍ ယခုပင်လျှင်ထိုဗိမာန်တော်ကိုတည် ဆောက်လော့။ အားမာန်တင်း၍တည်ဆောက် လော့'' ဟုမိန့်တော်မူ၏။
1 Chronicles 28:21ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့အား ဗိမာန်တော်တွင်ဆောင်ရွက်ရန် တာဝန်ဝတ္တရားများကိုခွဲခန့်သတ်မှတ် ပေးပြီးဖြစ်လေပြီ။ အဘက်ဘက်မှကျွမ်း ကျင်သူအလုပ်သမားတို့သည် သင့်အား ကူညီရန်စိတ်အားထက်သန်လျက်ရှိကြ ၏။ လူအပေါင်းနှင့်သူတို့၏ခေါင်းဆောင် များသည်လည်းသင်၏အမိန့်ကိုလိုက် နာဆောင်ရွက်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
Ezra 7:25``သင်ဧဇရသည်သင့်အားဘုရားသခင်ပေး အပ်တော်မူသည့်ပညာဉာဏ်ကိုအသုံးပြု လျက် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည် နယ်တွင် သင့်ဘုရားသခင်၏တရားတော်ကို လိုက်နာကျင့်သုံးကြသူလူအပေါင်းတို့အား အုပ်စိုးရန်အတွက်အုပ်ချုပ်ရေးမှူးများနှင့် တရားသူကြီးများကိုခန့်ထားလော့။ ထို တရားတော်ကိုမသိသူကိုသင်သည်သင် ကြားပို့ချပေးလော့။-
Ecclesiastes 9:10ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။