ဧဇရမှတ်စာ 10:5
ထို့ကြောင့်ဧဇရသည်ယဇ်ပုရောဟိတ်တို့ ၏ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်တို့၏ ခေါင်းဆောင်များ၊ ပြည်သူတို့၏ခေါင်းဆောင် များအားရှေကနိပေးသည့်အကြံအတိုင်း ဆောင်ရွက်ပါမည်ဟူသောသစ္စာကတိကို ပြုစေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Nehemiah 5:12ခေါင်းဆောင်များက``အကျွန်ုပ်တို့သည်အရှင် ပြောဆိုသည့်အတိုင်းပြုပါမည်။ ထိုသူတို့ ၏ဥစ္စာပစ္စည်းများကိုပြန်လည်ပေးအပ်ကြ ပါမည်။ အကြွေးများကိုလည်းတောင်းခံမှု ပြုကြတော့မည်မဟုတ်ပါ'' ဟုပြန်ပြော ကြ၏။ ငါသည်ယဇ်ပုရောဟိတ်များကိုခေါ်ယူကာ သူတို့၏ရှေ့တွင်ခေါင်းဆောင်တို့အား မိမိတို့ ကတိအတိုင်းပြုလုပ်ကြရန်ကျိန်ဆိုစေ၏။-
Nehemiah 13:25သို့ဖြစ်၍ငါသည်ထိုအမျိုးသားတို့အား ပြစ်တင်ကျိန်ဆဲရိုက်နှက်၏။ သူတို့ဆံပင် ကိုလည်းဆွဲနုတ်၏။ ထိုနောက်``အကျွန်ုပ်တို့ သည်လည်းကောင်း၊ အကျွန်ုပ်တို့၏သားသမီး များသည်လည်းကောင်း နောင်အဘယ်အခါ ၌မျှလူမျိုးခြားများနှင့်အိမ်ထောင်မပြု တော့ပါ'' ဟုသူတို့အားဘုရားသခင်၏ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုကတိ ပြုစေ၏။-
Proverbs 9:9ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။
Proverbs 25:11လျောက်ပတ်သော စကားသည် ငွေအပြောက် မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့်တူ၏။
Matthew 26:63သို့ရာတွင်သခင်ယေရှုသည်ဆိတ်ဆိတ်နေတော် မူ၏။ ယဇ်ပုရောဟိတ်မင်းက ``သင်သည်ဘုရား သခင်၏သားတော်မေရှိယလော။ ငါ့အားဖြေ ကြားလော့။ အသက်ရှင်တော်မူသောဘုရား သခင်ကိုတိုင်တည်၍သင့်အားငါမေး၏'' ဟု ဆို၏။