ဧဇရမှတ်စာ 10:6
ထိုနောက်သူသည်ဗိမာန်တော်ရှေ့မှထသွား၍ ဧလျာရှိပ်၏သားယောဟနန်၏အခန်းသို့ သွားပြီးလျှင် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာ သူတို့သစ္စာမဲ့မှုကြောင့်တစ်ညဥ့်လုံးမစား မသောက်ဘဲညဉ်းတွားမြည်တမ်းလျက်နေ၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 9:18သင်တို့သည်ထာဝရဘုရားအားပြစ်မှား၍ အမျက်တော်ထွက်စေသောကြောင့် ငါသည်တစ်ဖန် ထာဝရဘုရား၏ရှေ့တော်၌ရက်ပေါင်းလေး ဆယ်ပတ်လုံး မစားမသောက်ဘဲပျပ်ဝပ်လျက် နေခဲ့၏။-
Ezra 10:1ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
Nehemiah 3:20နောက်တစ်ပိုင်းကိုဇဗ္ဗဲ၏သားဗာရုတ်သည် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏အိမ် တော်အဝင်ဝတိုင်အောင်တည်ဆောက်၏။
Nehemiah 12:22ယဇ်ပုရောဟိတ်မင်းများဖြစ်ကြသောဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်နှင့်ယာဒွါတို့၏လက်ထက်တွင်လေဝိအိမ်ထောင်စုနှင့်ယဇ်ပုရောဟိတ်အိမ်ထောင်စုဦးစီးခေါင်းဆောင်များ၏မှတ်တမ်းကိုထားရှိခဲ့၏။ ဤမှတ်တမ်းကိုပေရသိဧကရာဇ်ဒါရိလက်ထက်၌ပြုစုပြီးစီးလေသည်။
Nehemiah 13:28ယောယဒသည်ယဇ်ပုရောဟိတ်မင်းဧလျာ ရှိပ်၏သားဖြစ်၏။ သို့ရာတွင်သူ၏သားတစ် ယောက်သည်ဗေသဟောရနိမြို့သားသမ္ဘာ လတ်၏သမီးနှင့်အိမ်ထောင်ပြုသဖြင့် ငါ သည်ယောယဒအားယေရုရှလင်မြို့မှ နှင်ထုတ်လိုက်လေသည်။
Isaiah 22:12ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-