ဧဇရမှတ်စာ 3:11
သူတို့က၊ ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ ဣသရေလအမျိုးသားတို့အတွက် ထားရှိတော်မူသောမေတ္တာတော်သည် ထာဝစဉ်တည်ပါ၏'' ဟူသောသီချင်းကိုထပ်ကာထပ်ကာသီဆို၍ ထာဝရဘုရားအားထောမနာပြုကြ၏။ ဗိမာန်တော်အုတ်မြစ်ကိုချပြီးဖြစ်သဖြင့် လူ အပေါင်းတို့သည်ထာဝရဘုရား၏ဂုဏ် တော်ကိုဟစ်အော်ချီးမွမ်းကြကုန်၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 15:21မိရိအံက၊ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံတော်မူ ပြီဖြစ်၍ ဂုဏ်တော်ကိုကူးရင့်သီဆိုကြလော့။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲ တို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ'' ဟူ၍ သီချင်းစပ်ဆိုလေသည်။
Joshua 6:10ယောရှုကလူအပေါင်းတို့အား``ငါအမိန့် မပေးမီမည်သူမျှမအော်ဟစ်ရ။ စကား တစ်ခွန်းမျှမပြောရ'' ဟုမှာထားပြီး ဖြစ်၏။-
1 Chronicles 16:34ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူ၏။
2 Chronicles 7:3ဣသရေလအမျိုးသားတို့သည်မိုးကောင်းကင် မှမီးလျှံကျလာ၍ ဗိမာန်တော်သည်တောက်ပ သောဘုန်းအသရေတော်ဖြင့်ပြည့်လာသည် ကိုမြင်သောအခါကြမ်းပြင်ပေါ်တွင်ပျပ်ဝပ် ရှိခိုးလျက်``ကိုယ်တော်သည်ကောင်းမြတ်တော် မူ၍မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟု ထာဝရဘုရားအားထောမနာပြုကြ၏။-
Nehemiah 12:40သို့ဖြစ်၍ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းသည့်လူစုနှစ်စုစလုံးပင်ဗိမာန်တော်နယ်မြေသို့ရောက်ရှိလာကြလေသည်။ ငါနှင့်အတူလိုက်ပါလာသည့်ခေါင်းဆောင်များအပြင်၊-
Psalms 47:1လူမျိုးအပေါင်းတို့၊ရွှင်လန်းစွာလက်ခုပ်တီး ကြလော့။ အသံကျယ်စွာသီချင်းဆို၍ထာဝရဘုရား အား ထောမနာပြုကြလော့။