ဧဇရမှတ်စာ 3:2
ယောဇဒက်၏သားယောရှုနှင့်အဖော်ယဇ်ပုရော ဟိတ်များ၊ ရှာလသေလ၏သားဇေရုဗဗေလ နှင့်တကွ သူ၏ဆွေမျိုးသားချင်းများသည် ဘုရားသခင်၏အစေခံမောရှေစီရင်သည့် ပညတ်ကျမ်းတွင်ပါရှိသောညွှန်ကြားချက် များအတိုင်း ယဇ်များကိုမီးရှို့ပူဇော်နိုင် ရန်ယဇ်ပလ္လင်ကိုတည်ဆောက်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:7ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
Exodus 27:1``အကာရှသစ်သားဖြင့်ယဇ်ပလ္လင်ကိုပြုလုပ် လော့။ ထိုပလ္လင်သည်အလျားခုနစ်ပေခွဲ၊ အနံ ခုနစ်ပေခွဲနှင့်အမြင့်လေးပေခွဲရှိစေရမည်။-
Numbers 28:3ထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။-
Deuteronomy 12:5ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
1 Chronicles 3:17ဗာဗုလုန်အမျိုးသားတို့ဖမ်းဆီးထိန်းသိမ်း သွားသည့် ယေခေါနိမင်းတွင်သားတော်ခုနစ် ပါးရှိ၏။ ထိုမင်း၏သားများမှာရှာလ သေလ၊-
1 Chronicles 23:14သို့ရာတွင်ဘုရားသခင်၏လူမောရှေ၏ သားများသည် လေဝိအနွယ်ဝင်များအဖြစ် ဖြင့်စာရင်းသွင်းခြင်းကိုခံရကြ၏။-)