ဧဇရမှတ်စာ 3:5
ထို့အပြင်သူတို့သည်အမြဲပူဇော်ရသည့် တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုလည်းကောင်း၊ လဆန်းနေ့ပွဲတော်ကိုလည်းကောင်း၊ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရာ အခြားပွဲနေ့ များ၌ပူဇော်အပ်သည့်ယဇ်များကိုလည်း ကောင်း၊ ထာဝရဘုရားအားမိမိတို့စေတနာ အလျောက်ပေးလှူသည့်ပူဇော်သကာများ ကိုလည်းကောင်းတင်လှူပူဇော်ကြလေ သည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 29:38``ယဇ်ပလ္လင်ပေါ်တွင်နေ့စဉ်မပြတ်တစ်နှစ် သားသိုးကလေးနှစ်ကောင်ကိုပူဇော်ရမည်။-
Leviticus 1:3နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
Numbers 28:3ထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။-
Numbers 28:14ထိုမီးရှို့ရာယဇ်တို့နှင့်တွဲ၍ဆက်သရသော စပျစ်ရည်သကာမှာ နွားထီးတစ်ကောင်စီနှင့် အတူစပျစ်ရည်လေးပိုင့်၊ သိုးထီးနှင့်အတူ စပျစ်ရည်သုံးပိုင့်၊ သိုးကလေးတစ်ကောင်စီ နှင့်အတူစပျစ်ရည်နှစ်ပိုင့်ကိုပူဇော်ရမည်။-
Numbers 28:27သင်တို့သည်အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရား နှစ်သက်ဖွယ်ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
Numbers 29:8အပြစ်အနာကင်းသောနွားထီးတစ်ကောင်၊ သိုး ထီးတစ်ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီး ခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-