ဧဇရမှတ်စာ 5:15
ကုရုမင်းသည်ယုဒဘုရင်ခံအဖြစ် မိမိခန့်ထားသည့်ရှေရှဗာဇာအမည်ရှိသူ၏လက်သို့ ထိုအသုံးအဆောင်တော်များကိုအပ်နှံတော်မူ၍ ယေရုရှလင်မြို့ဗိမာန်တော်သို့ပြန်လည်ယူဆောင်သွားစေပြီးလျှင် ထိုဗိမာန်တော်ကိုနေရာဟောင်းတွင် ပြန်လည်တည်ဆောက်ရန်မိန့်မှာတော်မူပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
Ezra 1:2ထိုအမိန့်တော်တွင် ဤကားပေရသိပြည်ကုရုမင်း၏အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကိုအစိုးရစေတော်မူ၍ ယုဒပြည်ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် တာဝန်ကိုငါ့အားပေးအပ်တော်မူလေပြီ။-
Ezra 6:3ထိုစာလိပ်တွင်``ကုရုဘုရင်သည်မိမိနန်းစံပထမနှစ်၌ယဇ်များကိုပူဇော်ရန်နှင့် ပူဇော်သကာများကိုမီးရှို့ရန်ဌာနတော်အဖြစ်ဖြင့် ယေရုရှလင်မြို့ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရမည်ဟုအမိန့်တော်ရှိ၏။ ဗိမာန်တော်သည်အမြင့်ပေကိုးဆယ်နှင့်အချင်းပေကိုးဆယ်ရှိရမည်။-