ဧဇရမှတ်စာ 5:8
``အကျွန်ုပ်တို့သည်ယုဒပြည်သို့သွားရောက်ကြရာ ကြီးမြတ်သောဘုရားသခင်၏ဗိမာန်တော်ကို ကျောက်တုံးကြီးများဖြင့်တည်ဆောက်၍ ကျောက်နံရံများပေါ်တွင်သစ်သားယက်မများကပ်လျက်လုပ်ဆောင်နေကြသည်ကိုတွေ့မြင်ရကြောင်း အရှင်မင်းကြီးအားလျှောက်ထားအစီရင်ခံအပ်ပါသည်။ တည်ဆောက်မှုကိုလုံ့လဖြင့်လုပ်ဆောင်ကြသောကြောင့် တိုးတက်အောင်မြင်လျက်ရှိပါသည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 10:17သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
Ezra 1:2ထိုအမိန့်တော်တွင် ဤကားပေရသိပြည်ကုရုမင်း၏အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကိုအစိုးရစေတော်မူ၍ ယုဒပြည်ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် တာဝန်ကိုငါ့အားပေးအပ်တော်မူလေပြီ။-
Ezra 6:4နံရံများကိုကျောက်တုံးတန်းသုံးဆင့်၊ သစ်သားတန်းတစ်ဆင့်ကျအထပ်ထပ်ဆောက်လုပ်ရမည်။ ကုန်ကျသည့်စရိတ်မှန်သမျှကို ဘုရင့်ဘဏ္ဍာတော်တိုက်မှထုတ်၍သုံးစွဲရမည်။-
Ezra 7:23ကောင်းကင်ဘုံရှင်ဘုရင်ဘုရားသခင်သည် မိမိ၏ဗိမာန်တော်အတွက်လိုအပ်သည့် အရာဟူသမျှကိုပေးရန် သင်တို့သတိ ပြုကြရမည်။ သို့မှသာလျှင်ကိုယ်တော် သည် ငါနှင့်ငါ၏နောက်တွင်အုပ်စိုးမည့် ဘုရင်များအားအမျက်ထွက်တော်မမူ ဘဲနေလိမ့်မည်။-
Nehemiah 11:3အခြားမြို့ရွာများတွင်ဣသရေလအမျိုး သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ် ဝင်များ၊ ဗိမာန်တော်အလုပ်သမားများ၊ ရှော လမုန်၏အစေခံများမှဆင်းသက်လာ သူများသည်ကိုယ်ပိုင်အိမ်များတွင်နေထိုင် ကြလေသည်။ ယေရုရှလင်မြို့တွင်နေထိုင်သောယုဒပြည် နယ်အကြီးအကဲများကိုဖော်ပြအံ့။
Esther 1:22သူသည်မိမိ၏နယ်ပယ်ရှိသမျှတို့သို့သံ တမန်များကိုစေလွှတ်၍ ဒေသဆိုင်ရာဘာ သာစကားဖြင့်``ခင်ပွန်းဖြစ်သူသည် မိမိအိမ် ထောင်တွင်ဦးစီးခေါင်းဆောင်ဖြစ်စေရမည်။ သူ၏စကားကိုမလွန်ဆန်ရ'' ဟူ၍အမိန့် ထုတ်ပြန်တော်မူ၏။