ဧဇရမှတ်စာ 6:16
ထိုနောက်ဣသရေလပြည်သူများဖြစ်ကြသည့်ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူမှန်သမျှတို့သည် ဗိမာန်တော်ကိုရွှင်လန်းဝမ်းမြောက်စွာ အနုမောဒနာပြုကြကုန်၏။-
Common Language Bible
In The King James Version
In Context
15ဒါရိမင်းနန်းစံခြောက်နှစ်မြောက်၊ အာဒါလသုံးရက်နေ့၌လက်စသတ်ကြ၏။-
Cross References
Deuteronomy 12:7သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားကောင်းချီးပေးတော်မူသဖြင့် သင် တို့အလုပ်လုပ်၍ရရှိသောအစားအစာများ ကို သင်တို့နှင့်တကွသင်တို့၏မိသားစုများ သည် ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ ပျော်ရွှင်စွာစားရကြမည်။''
1 Chronicles 9:2ပထမဦးဆုံးမိမိတို့၏ဘိုးဘွားပိုင်မြို့ ရွာများသို့ပြန်လည်ရောက်ရှိလာကြသူ များအထဲတွင် ဣသရေလအမျိုးသား ဝတ်ကြောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များနှင့်ဗိမာန်တော်အလုပ် သမားများပါဝင်လေသည်။-
2 Chronicles 7:5မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့် သိုးကောင်ရေတစ်သိန်းနှစ်သောင်းကိုမိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်ရာဗိမာန်တော်ကိုအနုမောဒနာ ပြုကြလေသည်။-
2 Chronicles 29:30ဟေဇကိမင်းနှင့်ပြည်သူခေါင်းဆောင်များ သည် လေဝိအနွယ်ဝင်တို့အားဒါဝိဒ်နှင့် ပရောဖက်အာသပ်စပ်ဆိုခဲ့သော ထောမနာ သီချင်းများကိုသီဆိုစေကြ၏။ သို့ဖြစ် ၍သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာသီ ချင်းဆို၍ ဒူးထောက်လျက်ဘုရားသခင် ကိုရှိခိုးကြ၏။
2 Chronicles 30:26ယေရုရှလင်မြို့သူမြို့သားတို့သည်ဒါဝိဒ် ၏သားတော်ရှောလမုန်မင်းလက်ထက်မှစ၍ ယနေ့တိုင်အောင်ဤသို့သောပွဲမျိုးကိုမကျင်း ပဘူးကြသဖြင့်အတိုင်းထက်အလွန် ဝမ်းမြောက်ကြကုန်၏။-
Ezra 4:1ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောသူတို့သည် ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်း ယုဒအနွယ်နှင့်ဗင်္ယာမိန်အနွယ်တို့၏ရန်သူများကြားသိကြသောအခါ၊-