ဧဇရမှတ်စာ 6:4
နံရံများကိုကျောက်တုံးတန်းသုံးဆင့်၊ သစ်သားတန်းတစ်ဆင့်ကျအထပ်ထပ်ဆောက်လုပ်ရမည်။ ကုန်ကျသည့်စရိတ်မှန်သမျှကို ဘုရင့်ဘဏ္ဍာတော်တိုက်မှထုတ်၍သုံးစွဲရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Ezra 3:7ပြည်သူတို့သည်ပန်းရန်များနှင့်လက်သမား များကိုပေးချေရန်ငွေပေးလှူကြ၏။ ပေရသိ ဘုရင်ကုရုမင်းခွင့်ပြုချက်အရလေဗနုန် တောမှ သစ်ကတိုးများကို ယုပ္ပေဆိပ်အရောက် စုံမျောစေခြင်းငှာ တုရုနှင့်ဇိဒုန်မြို့သား များထံသို့အစားအစာ၊ စပျစ်ရည်နှင့် သံလွင်ဆီတို့ကိုပေးပို့ကြ၏။-
Ezra 7:20ထို့ပြင်ဗိမာန်တော်အတွက်လိုသေးသော အရာများကို ဘဏ္ဍာတော်တိုက်မှငွေကို ထုတ်၍ဝယ်နိုင်သည်။
Psalms 72:10စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။ အာရေဗျပြည်နှင့်အဲသရောပိပြည်မှ ရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။
Isaiah 60:6ဝန်တင်ကုလားအုပ်တပ်ကြီးများသည် မိဒျန်ပြည်နှင့်ဧဖာပြည်မှရောက်ရှိလာ၍ သင်၏ဒေသကိုလွှမ်းမိုးလိမ့်မည်။ ရှေဘပြည်မှရွှေနှင့်နံ့သာပေါင်းကိုယူဆောင် လာကြလိမ့်မည်။ လူတို့သည်ဘုရားသခင်ပြုတော်မူသော အမှုတော်အကြောင်းသတင်းကောင်းကို ချီးမွမ်းကြလိမ့်မည်။