ဧဇရမှတ်စာ 6:5
ယေရုရှလင်မြို့ဗိမာန်တော်မှဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာမင်းယူဆောင်လာခဲ့သည့်ရွှေငွေအသုံးအဆောင်ရှိသမျှကိုလည်း သက်ဆိုင်ရာယေရုရှလင်မြို့ဗိမာန်တော်သို့ပြန်လည်ပေးပို့ရမည်'' ဟူ၍ဖော်ပြပါရှိပါ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Kings 24:13ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာရှိသမျှကို ဗာဗုလုန်ပြည်သို့သိမ်းယူသွားတော်မူ၏။ ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း နေဗုခဒ်နေဇာသည် ဗိမာန်တော်တွင်သုံးရန် ရှောလမုန်မင်းပြုလုပ်ထားသည့်ရွှေတန်ဆာ ရှိသမျှကိုချွတ်ယူလေသည်။-
2 Chronicles 36:6ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယုဒ ပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယောယ ကိမ်ကိုဖမ်းဆီး၍သံကြိုးနှင့်ချည်နှောင်ကာ ဗာဗုလုန်ပြည်သို့ခေါ်ဆောင်သွားလေ သည်။-
2 Chronicles 36:18ဗာဗုလုန်ဘုရင်သည်ဗိမာန်တော်ရှိအသုံး အဆောင်၊ ဗိမာန်တော်ဘဏ္ဍာ၊ မင်းကြီးနှင့်မှူး မတ်တို့၏ဘဏ္ဍာရှိသမျှကိုသိမ်းသွားလေ သည်။-
Ezra 5:14ထိုမင်းသည်ယေရုရှလင်မြို့ဗိမာန်တော်မှနေဗုခဒ်နေဇာသိမ်းယူကာ ဗာဗုလုန်မြို့ဘုရားဗိမာန်တွင်ထားရှိသည့်ဗိမာန်တော်ဆိုင်ရာရွှေ၊ ငွေအသုံးအဆောင်တော်များကိုပြန်လည်ပေးအပ်တော်မူခဲ့ပါ၏။-
Jeremiah 27:18အကယ်၍ထိုသူတို့သည်ပရောဖက်အစစ် အမှန်ဖြစ်၍ ငါ၏ဗျာဒိတ်တော်ကိုခံယူရ သည်ဆိုပါမူ ယေရုရှလင်မြို့ဗိမာန်တော်နှင့် ဘုရင်နန်းတော်တို့တွင်ကျန်ရှိသည့်ဘဏ္ဍာတို့ ကိုဗာဗုလုန်မြို့သို့သိမ်းယူခွင့်မပြုရန် အနန္တ တန်ခိုးရှင်ငါထာဝရဘုရားအား လျှောက် ထားကြပါစေ။''
Daniel 1:2ထာဝရဘုရားသည်နေဗုခဒ်နေဇာအား ယောယကိမ်မင်းကိုဖမ်းဆီးခွင့်နှင့်ဗိမာန်တော်ဘဏ္ဍာအချို့ကိုသိမ်းယူခွင့်ပေးတော်မူ၏။ နေဗုခဒ်နေဇာသည်သုံ့ပန်းများကိုဗာဗုလုန်ပြည်ရှိ မိမိ၏ဘုရားဝတ်ကျောင်းသို့ခေါ်ဆောင်သွားပြီးလျှင် ဖမ်းဆီးသိမ်းယူခဲ့သည့်ဘဏ္ဍာများကိုဝတ်ကျောင်းဘဏ္ဍာတိုက်တွင်ထားတော်မူ၏။