ဧဇရမှတ်စာ 6:6
ဧကရာဇ်မင်းဒါရိသည်ပြန်ကြားစာကိုပေးပို့တော်မူသည်။ ထိုပြန်ကြားစာတွင်၊ ``ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲ၊ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ရှိ သင်တို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသို့၊ ``သင်တို့သည်ဗိမာန်တော်အနီးသို့မချဉ်းမကပ်ကြနှင့်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 32:28ထိုသူက``နောင်တွင်သင်၏နာမည်ကို`ယာကုပ်' ဟူ ၍မခေါ်စေရ။ သင်သည်ဘုရားနှင့်သော်လည်း ကောင်း၊ လူနှင့်သော်လည်းကောင်းဆိုင်ပြိုင်၍အနိုင် ရခဲ့သောကြောင့်သင်၏နာမည်မှာ`ဣသရေလ' ဟူ၍ဖြစ်ရမည်'' ဟုဆိုလေ၏။
Ezra 5:3ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်၏ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် ချက်ချင်းပင်ယေရုရှလင်မြို့သို့သွား၍``ဤဗိမာန်တော်ကိုတည်ဆောက်မွမ်းမံရန် သင်တို့အားအဘယ်သူအမိန့်ပေးပါသနည်း'' ဟုမေးမြန်းကြ၏။-
Nehemiah 1:11အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
Proverbs 21:1ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
Isaiah 27:8ထာဝရဘုရားသည်မိမိလူမျိုးတော်အား ပြည်နှင်ဒဏ်ပေး၍အပြစ်ဒဏ်ခတ်တော်မူ၏။ သူတို့သည်အရှေ့မှလာသောလေပြင်းမုန် တိုင်းတွင်လွင့်ပါသွားရဘိသကဲ့သို့ မိမိ တို့ပြည်မှထွက်ခွာသွားရကြလေသည်။-
Romans 8:31အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-