ဧဇရမှတ်စာ 6:8
ပြန်လည်တည်ဆောက်မှုတွင်သူတို့ကိုကူညီကြရန် ယခုသင်တို့အားငါအမိန့်တော်ရှိသည်။ တည်ဆောက်မှုအဆက်မပြတ်စေရန် ကုန်ကျစရိတ်များကိုဥဖရတ်မြစ်အနောက်ဘက်ဒေသမှ ကောက်ခံရရှိသောအခွန်ငွေများဖြစ်သည့်ဘုရင်၏ဘဏ္ဍာတော်မှမဆိုင်းမတွထုတ်ပေးကြလော့။-
Common Language Bible
In The King James Version
In Context
Cross References
Ezra 4:20တန်ခိုးကြီးသောဘုရင်များသည်ထိုမြို့တွင်စိုးစံကာ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်တစ်ခုလုံးမှအခွန်ဘဏ္ဍာတော်များကိုကောက်ခံခဲ့ကြ၏။-
Ezra 5:5သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်းဆောင်များအားစောင့်ထိန်းကြည့်ရှုလျက်နေတော်မူသဖြင့် ပေရသိအရာရှိတို့သည်ဒါရိမင်းထံသို့စာရေးအကြောင်းကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံတစ်ရာပြန်လည်မရမချင်းမည်သို့မျှအရေးယူဆောင်ရွက်ခြင်းမပြုရန်ဆုံးဖြတ်ကြ၏။-
Ezra 6:14ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှုကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြလေသည်။ သူတို့သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့်အာတဇေရဇ်မင်းတို့၏အမိန့်တော်များအရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက်ကြရာ၊-
Nehemiah 2:8ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။