ဧဇရမှတ်စာ 7:10
ဧဇရသည်တစ်သက်ပတ်လုံး ထာဝရ ဘုရား၏ပညတ်ကျမ်းကိုလေ့လာဆည်း ပူးလိုက်နာကျင့်သုံးကာ ထိုကျမ်းတွင်ပါ ရှိသည့်ပညတ်များနှင့်စည်းမျဉ်းများကို ဣသရေလအမျိုးသားတို့အားသင် ကြားပို့ချပေး၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 33:10သူတို့သည်ကိုယ်တော်၏လူမျိုးတော်အား ပညတ်တရားတော်ကိုလိုက်နာရန် သွန်သင်ကြပါမည်။ ပလ္လင်ပေါ်တွင်ယဇ်ပူဇော်ကြပါမည်။
1 Chronicles 29:18ကျွန်တော်မျိုးတို့၏ဘိုးဘေးများဖြစ် ကြသောအာဗြဟံ၊ ယာကုပ်နှင့်ဣဇာက် တို့၏ဘုရားသခင်ထာဝရဘုရား၊ ဤ သို့ဘုရားတရားစွဲလန်းတတ်သောစိတ် သဘောကို ကိုယ်တော်ရှင့်လူစုတော်၏ စိတ်နှလုံးတွင်အစဉ်သဖြင့်ခိုင်မြဲ စွာတည်ရှိစေတော်မူပါ။ သူတို့သည် ကိုယ်တော်ရှင်အပေါ်အစဉ်အမြဲ သစ္စာရှိစေတော်မူပါ။-
2 Chronicles 17:8သူတို့နှင့်အတူလေဝိအနွယ်ဝင်ကိုးဦး နှင့်ယဇ်ပုရောဟိတ်နှစ်ပါးလိုက်ပါသွား ကြ၏။ လေဝိအနွယ်ဝင်တို့မှာရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ဖြစ်ကြ၏။ ယဇ်ပုရောဟိတ် တို့မှာဧလိရှမာနှင့်ယောရံတို့ဖြစ်ကြ ၏။-
2 Chronicles 30:22ထာဝရဘုရားအားဝတ်ပြုကိုးကွယ်မှုကို ကျွမ်းကျင်စွာစီစဉ်ဆောင်ရွက်ပေးသည့် အတွက် ဟေဇကိမင်းသည်လေဝိအနွယ် ဝင်တို့ကိုချီးကူးတော်မူ၏။ သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု၍ ခုနစ်ရက်တိုင်တိုင်ယဇ်ပူဇော်ကြပြီးသော အခါ၊-
Ezra 7:25``သင်ဧဇရသည်သင့်အားဘုရားသခင်ပေး အပ်တော်မူသည့်ပညာဉာဏ်ကိုအသုံးပြု လျက် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည် နယ်တွင် သင့်ဘုရားသခင်၏တရားတော်ကို လိုက်နာကျင့်သုံးကြသူလူအပေါင်းတို့အား အုပ်စိုးရန်အတွက်အုပ်ချုပ်ရေးမှူးများနှင့် တရားသူကြီးများကိုခန့်ထားလော့။ ထို တရားတော်ကိုမသိသူကိုသင်သည်သင် ကြားပို့ချပေးလော့။-
Job 11:13သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊