ဧဇရမှတ်စာ 7:16
ထို့အပြင်သင်သည်ဗာဗုလုန်ပြည်နယ်တစ် ခုလုံးမှကောက်ခံရသမျှရွှေငွေကိုလည်း ကောင်း၊ ဣသရေလအမျိုးသားများနှင့်ယဇ် ပုရောဟိတ်တို့သည် ယေရုရှလင်မြို့တွင်စံ တော်မူသည့် မိမိတို့၏ဘုရားသခင်အား ပေးလှူသည့်ပူဇော်သကာများကိုလည်း ကောင်းယူဆောင်သွားလော့။
Common Language Bible
In The King James Version
In Context
Cross References
1 Chronicles 29:9သူတို့သည်စေတနာစိတ်နှင့်ထာဝရ ဘုရားအားပေးလှူကြသည်ဖြစ်ရာ မိမိ တို့ဤမျှမြောက်မြားစွာပေးလှူခဲ့ရကြ သည့်အတွက်အားရဝမ်းမြောက်ကြကုန်၏။ ဒါဝိဒ်မင်းသည်လည်းလွန်စွာအားရဝမ်း မြောက်တော်မူ၏။
2 Chronicles 6:2ယခုအခါအကျွန်ုပ်သည်ကိုယ်တော်စံတော်မူရာ ဗိမာန်တော်၊ ကိုယ်တော်ထာဝစဉ်ကိန်းဝပ်တော်မူရာ ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟု ပတ္ထနာပြုတော်မူ၏။
2 Chronicles 6:6သို့ရာတွင်ယခုငါသည်ယေရုရှလင်မြို့ ကိုငါ့အားကိုးကွယ်ဝတ်ပြုရန်ဌာနအဖြစ် ဖြင့်လည်းကောင်း၊ အချင်းဒါဝိဒ်၊ သင့်အားငါ ၏လူမျိုးတော်ကိုအုပ်စိုးမည့်သူအဖြစ် ဖြင့်လည်းကောင်းရွေးချယ်ထားလေပြီ' ဟူ ၍မိန့်တော်မူ၏'' ဟုဆို၏။
Ezra 1:4အကယ်၍ပြည်နှင်ဒဏ်သင့်လျက်ရှိသည့် ကိုယ်တော်၏လူမျိုးတော်ဝင်ပြန်သွားရန်အတွက် အကူအညီလိုပါကသူတို့၏ပတ်ဝန်းကျင်ရှိလူတို့က ကူညီရကြမည်။ သူတို့သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်များအပြင် ယေရုရှလင်မြို့ရှိဘုရားသခင်၏ဗိမာန်တော်အတွက် အလှူဒါနများကိုပေးရကြမည်'' ဟုပါရှိသတည်း။
Ezra 8:25ဗိမာန်တော်တွင်အသုံးပြုရန်မင်းကြီးနှင့် သူ၏အတိုင်ပင်ခံအမတ်များ၊ အရာရှိ များနှင့် ဣသရေလအမျိုးသားတို့ပေး လှူကြသောရွှေငွေနှင့်အသုံးအဆောင် များကိုချိန်တွယ်၍ ထိုယဇ်ပုရောဟိတ်တို့ အားပေးအပ်လိုက်၏။-
2 Corinthians 8:12သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။