ဧဇရမှတ်စာ 7:28
ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ငါသည် မင်းကြီးနှင့်တကွ သူ၏အတိုင်ပင်ခံအမတ် များ၊ တန်ခိုးကြီးသည့်အရာရှိများ၏ရှေ့ တွင်မျက်နှာသာရစေတော်မူသည်။ ဘုရားသခင်သည်ငါ့အားရဲစွမ်းသတ္တိကိုပေးတော် မူ၍ ငါသည်ဣသရေလသားချင်းစုခေါင်း ဆောင်အမြောက်အမြားကို ငါနှင့်အတူ လိုက်ကြရန်စုရုံးနိုင်လေပြီ'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 32:28ထိုသူက``နောင်တွင်သင်၏နာမည်ကို`ယာကုပ်' ဟူ ၍မခေါ်စေရ။ သင်သည်ဘုရားနှင့်သော်လည်း ကောင်း၊ လူနှင့်သော်လည်းကောင်းဆိုင်ပြိုင်၍အနိုင် ရခဲ့သောကြောင့်သင်၏နာမည်မှာ`ဣသရေလ' ဟူ၍ဖြစ်ရမည်'' ဟုဆိုလေ၏။
Ezra 5:5သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်းဆောင်များအားစောင့်ထိန်းကြည့်ရှုလျက်နေတော်မူသဖြင့် ပေရသိအရာရှိတို့သည်ဒါရိမင်းထံသို့စာရေးအကြောင်းကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံတစ်ရာပြန်လည်မရမချင်းမည်သို့မျှအရေးယူဆောင်ရွက်ခြင်းမပြုရန်ဆုံးဖြတ်ကြ၏။-
Ezra 8:15ငါသည်ထိုသူအပေါင်းတို့ကိုအဟာဝမြို့ သို့စီးသောတူးမြောင်းအနီးတွင်စုဝေးစေ၍ ထိုအရပ်တွင်ငါတို့သုံးရက်မျှစခန်းချ ကြ၏။ ထိုလူစုတွင်ယဇ်ပုရောဟိတ်များ ပါရှိသော်လည်း လေဝိအနွယ်ဝင်များကို မတွေ့သဖြင့်၊-
Ezra 9:9အကျွန်ုပ်တို့သည်ကျွန်ခံလျက်နေကြရ သော်လည်း ကိုယ်တော်ရှင်သည်အကျွန်ုပ်တို့ ကိုစွန့်ပစ်တော်မမူပါ။ ကိုယ်တော်သည်ပေရသိ ဘုရင်တို့ရှေ့တွင် အကျွန်ုပ်တို့ကိုမျက်နှာသာ ရစေတော်မူ၍ အသက်ရှင်ခွင့်နှင့်ပျက်စီး ယိုယွင်းနေသည့်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ခွင့်နှင့် ယုဒပြည်နှင့်ယေရုရှလင် မြို့တို့တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ခွင့်ကို ပေးစေတော်မူပါ၏။
Nehemiah 2:8ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။