ဧဇရမှတ်စာ 7:5
ဗုက္ကိ၏အဖသည်အဘိရွှ၊ အဘိရွှ၏အဖ သည် ဖိနဟတ်၊ ဖိနဟတ်၏အဖမှာဧလာဇာ၊ ဧလဇာ၏အဖကားအာရုန်ဖြစ်သတည်း။
Common Language Bible
In The King James Version
The son of Abishua, the son of Phinehas, the son of Eleazar, the son of Aaron the chief priest:
In Context
4မေရာယုတ်၏အဖသည်ဇေရဟိ၊ ဇေရဟိ ၏အဖမှာသြဇိ၊ သြဇိ၏အဖကားဗုက္ကိ ဖြစ်၏။-
Cross References
Leviticus 10:6ထိုနောက်မောရှေကအာရုန်နှင့်သူ၏သား များဖြစ်ကြသော ဧလာဇာနှင့်ဣသမာတို့ အား``သင်တို့သည်သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲခြင်းကိုပြရန် ဆံပင်ကို မဖြီးဘဲမနေကြနှင့်။ အဝတ်အင်္ကျီများ ကိုလည်းမဆုတ်ဖြဲကြနှင့်။ ထိုသို့ပြုလျှင် သင်တို့၏အသက်ဆုံးရလိမ့်မည်။ ထာဝရ ဘုရားသည်လည်း ဣသရေလအမျိုးသား အပေါင်းတို့အားအမျက်တော်ထွက်လိမ့်မည်။ သို့သော်သင်တို့၏သွေးချင်းဖြစ်သော ဣသရေလအမျိုးသားအပေါင်းတို့မူ ကား ထာဝရဘုရားထံတော်မှလောင်မီး ကျ၍ သေဆုံးသူတို့အတွက်ဝမ်းနည်း ကြေကွဲကြောင်းပြနိုင်သည်။-
Leviticus 10:16ထို့နောက်မောရှေသည် အပြစ်ဖြေရာယဇ်ဖြစ် သောဆိတ်အကြောင်းကိုစုံစမ်းမေးမြန်းသော အခါ ထိုယဇ်ကိုမီးရှို့ပူဇော်ပြီးကြောင်းသိ ရ၏။ ထို့ကြောင့်သူသည်ဧလာဇာနှင့်ဣသမာ တို့အားအမျက်ထွက်၍၊-
Numbers 20:25အာရုန်နှင့်သူ၏သားဧလာဇာကိုဟောရ တောင်ပေါ်သို့ခေါ်ဆောင်ခဲ့ပြီးလျှင်၊-
Numbers 27:2တဲတော်တံခါးဝသို့လာရောက်၍မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ခေါင်းဆောင်များ နှင့်ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့တွင်ရပ်လျက်၊-
Numbers 31:31မောရှေနှင့်ဧလာဇာတို့သည် ထာဝရ ဘုရားမိန့်တော်မူသည်အတိုင်းဆောင်ရွက် ကြလေသည်။
Joshua 14:1ယော်ဒန်မြစ်အနောက်ဘက်ရှိခါနာန်ပြည် ကို ဣသရေလအမျိုးသားတို့အားခွဲဝေ ပေးပုံကိုဖော်ပြပေအံ့။ ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်များ၏မိသားစုခေါင်းဆောင်တို့က ဣသရေလအမျိုးသားတို့အားထိုပြည် ကိုခွဲဝေပေးကြ၏။-