The Bible Software
bible.software › ဧဇရမှတ်စာ › ဧဇရမှတ်စာ 8 › ဧဇရမှတ်စာ 8:22

ဧဇရမှတ်စာ 8:22

ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား ယုံ​ကြည်​ကိုး​စား​ကြ​သူ​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍ ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​သူ​တို့​ကို​မူ​နှစ်​သက်​တော် မ​မူ​ဘဲ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​တတ်​ကြောင်း မင်း​ကြီး​အား​လျှောက်​ထား​ခဲ့​၏။ သို့​ဖြစ်​၍ ငါ​သည်​ခ​ရီး​လမ်း​တွင် ရန်​သူ​များ​၏​ဘေး မှ​ကာ​ကွယ်​စောင့်​ရှောက်​ရန်​အ​တွက် သူ​၏ ထံ​မှ​မြင်း​တပ်​အ​ကူ​အ​ညီ​ကို​တောင်း​ခံ ရ​မည်​မှာ​ရှက်​စ​ရာ​ပင်​ဖြစ်​ပေ​သည်။-

Common Language Bible

In The King James Version

For I was ashamed to require of the king a band of soldiers and horsemen to help us against the enemy in the way: because we had spoken unto the king, saying, The hand of our God is upon all them for good that seek him; but his power and his wrath is against all them that forsake him.

In Context

21ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခ​ရီး​ပြု​ရာ​တွင် ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​၍​ငါ​တို့​နှင့်​တ​ကွ သား​သ​မီး​များ​နှင့်​ပစ္စည်း​ဥစ္စာ​များ​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​စိမ့်​သော​ငှာ ငါ​တို့​ရှိ​သ​မျှ သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​နှိမ့်​ချ လျက် အ​စာ​ရှောင်​ကြ​ရန်​ထို​အ​ဟာ​ဝ​တူး မြောင်း​အ​နီး​တွင် ငါ​အ​မိန့်​ထုတ်​ပြန်​ခဲ့​၏။-

23ထို့​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကာ​ကွယ် စောင့်​ရှောက်​မှု​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ​ရန် အ​စာ ရှောင်​လျက်​အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​ရ​၏။ ကိုယ်​တော်​သည်​ငါ​တို့​၏​ဆု တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။

Read all of ဧဇရမှတ်စာ 8

Cross References

1 Chronicles 28:9ထို​နောက်​ရှော​လ​မုန်​အား``ငါ့​သား၊ သင်​သည် မိ​မိ​၏​အ​ဖ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို အ​သိ​အ​မှတ်​ပြု​၍​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ နူး​ညွတ်​သော​စိတ်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ရန် ငါ​သည်​သင့်​အား​တာ​ဝန်​ပေး​အပ်​၏။ ကိုယ်​တော် သည်​ငါ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင် ဆန္ဒ​ရှိ​သ​မျှ​တို့​ကို​သိ​တော်​မူ​၏။ သင်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​မူ ကိုယ်​တော်​သည် သင့်​အား​နှစ်​သက်​လက်​ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကိုယ်​တော်​အား​ကျော ခိုင်း​မည်​ဆို​ပါ​က​ကိုယ်​တော်​သည်​လည်း သင့်​အား​အ​စဉ်​အ​မြဲ​စွန့်​ပစ်​တော်​မူ ပေ​အံ့။-

2 Chronicles 16:9ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​သစ္စာ​စောင့် သူ​တို့​အား​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​ရန် ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​သေ​ချာ​စွာ​ကြည့်​လျက် နေ​တော်​မူ​၏။ ဘု​ရင်​မင်း​သည်​မိုက်​မဲ​စွာ​ပြု ခဲ့​သည်​ဖြစ်​၍ ယ​ခု​မှ​စ​၍​အ​စဉ်​စစ်​ဖြစ် လျက်​နေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။-

Nehemiah 2:9မင်း​ကြီး​သည်​စစ်​အ​ရာ​ရှိ​အ​ချို့​နှင့်​မြင်း တပ်​ကို​ငါ​နှင့်​အ​တူ​စေ​လွှတ်​ပေး​တော်​မူ သ​ဖြင့် ငါ​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​သို့​ခ​ရီး​ပြု​ပြီး​လျှင် ထို အ​ရပ်​ရှိ​ဘု​ရင်​ခံ​တို့​အား​မင်း​ကြီး​၏ အ​မှာ​တော်​စာ​များ​ကို​ပေး​၏။-

Psalms 21:8မင်း​ကြီး​သည်​မိ​မိ​၏​ရန်​သူ​အ​ပေါင်း​ကို ဖမ်း​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​မုန်း​သော​သူ​အ​ပေါင်း​တို့​ကို လက်​ရ​ဖမ်း​ဆီး​တော်​မူ​လိမ့်​မည်။

Psalms 34:15ဘု​ရား​သ​ခင်​သည်​သူ​တော်​ကောင်း​တို့​အား ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​အော်​ဟစ်​သံ​များ​ကို​နား​ညောင်း​တော် မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဧဇရမှတ်စာ 8:22

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဧဇရမှတ်စာ 8:21ဧဇရမှတ်စာ 8ဧဇရမှတ်စာ 8:23 →