ဧဇရမှတ်စာ 8:28
ငါသည်ယဇ်ပုရောဟိတ်တို့အား``သင်တို့သည် ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား အဖို့ သီးသန့်သူများဖြစ်ကြသကဲ့သို့ ကိုယ် တော်အားစေတနာအလျောက် ပေးလှူသော ရွှေငွေအသုံးအဆောင်များသည်လည်း သီး သန့်သောဝတ္ထုပစ္စည်းဖြစ်သည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 21:6သူသည်သန့်ရှင်းရမည်။ ငါ၏နာမတော် ကိုမရှုတ်ချရ။ သူသည်ငါ့အားပူဇော် သကာကိုဆက်သရသူဖြစ်၍သန့်ရှင်း ရမည်။-
Numbers 4:4သူတို့သည်အလွန်သန့်ရှင်းသောအရာများ နှင့်စပ်လျဉ်းသည့်အမှုကိုဆောင်ရွက်ရမည်'' ဟုမိန့်တော်မူ၏။
Deuteronomy 33:8လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ ``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။
1 Chronicles 23:28သူတို့၏အလုပ်ဝတ္တရားများမှာဗိမာန်တော် တွင် ဝတ်ပြုကိုးကွယ်မှု၌အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့အားကူညီရန်၊ ဗိမာန် တော်ဝင်းနှင့်အခန်းများကိုကြည့်ရှုစောင့် ထိန်းရန်၊ အမွန်အမြတ်ထားသည့်အရာ ဟူသမျှကိုသန့်စင်စွာထားရှိရန်တို့ဖြစ်၏။-
2 Chronicles 24:14သူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။-