ဧဇရမှတ်စာ 8:35
ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားမီးရှို့ဆက်သရန် ပူဇော် သကာများကိုယူလာကြ၏။ ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် နွားတစ်ဆယ့် နှစ်ကောင်၊ သိုးထီးကိုးဆယ့်ခြောက်ကောင်၊ သိုး သားငယ်ခုနစ်ဆယ့်ခုနစ်ကောင်ကိုပူဇော် ကြ၏။ ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုလည်း အပြစ် ဖြေရာယဇ်အဖြစ်ပူဇော်ကြ၏။ ဤတိရစ္ဆာန် အားလုံးကိုထာဝရဘုရားအား မီးရှို့ရာ သကာအဖြစ်ပူဇော်ကြလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 1:1ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
2 Chronicles 29:31ဟေဇကိကပြည်သူတို့အား``ယခုသင် တို့သည်ဘာသာရေးထုံးနည်းအရ သန့်စင် မှုကိုပြုပြီးဖြစ်၍ ထာဝရဘုရားထံ တော်သို့ကျေးဇူးတော်ချီးမွမ်းရာပူဇော် သကာအဖြစ်ဖြင့် ယဇ်များကိုယူဆောင်လာ ကြလော့'' ဟုမိန့်တော်မူသည့်အတိုင်းလူ တို့လိုက်နာဆောင်ရွက်ကြ၏။ အချို့သော သူတို့သည်မိမိတို့စေတနာအလျောက် မီးရှို့ပူဇော်ရန်တိရစ္ဆာန်များကိုယူဆောင် လာကြလေသည်။-
Ezra 6:17ထိုအနုမောဒနာပွဲ၌သူတို့သည်နွားကောင်ရေတစ်ရာ၊ သိုးကောင်ရေနှစ်ရာနှင့်သိုးသားငယ်ကောင်ရေလေးရာကိုယဇ်ကောင်များအဖြစ်ဖြင့်လည်းကောင်း၊ ဣသရေလတစ်နွယ်လျှင်ဆိတ်တစ်ကောင်ကျဖြင့် ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုအပြစ်ဖြေရာပူဇော်သကာအဖြစ်ဖြင့်လည်းကောင်းပူဇော်ကြ၏။-
Psalms 66:15ကျွန်တော်မျိုးသည်ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရန် သိုးကိုဆက်သပါမည်။ ကျွန်တော်မျိုးသည်နွားနှင့်ဆိတ်များကို ယဇ်ပူဇော်ပါမည်။ မီးရှို့ရာယဇ်များမှမီးခိုးသည်ကောင်းကင်သို့ တက်ပါလိမ့်မည်။