The Bible Software
bible.software › ဧဇရမှတ်စာ › ဧဇရမှတ်စာ 9 › ဧဇရမှတ်စာ 9:4

ဧဇရမှတ်စာ 9:4

ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ကျ​ရောက်​၍​လူ​တို့​သည် ငါ​၏​အ​နီး​တွင်​လာ​ရောက်​စု​ရုံး​ကြ​သည့်​တိုင် အောင် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သော​စိတ်​နှင့် ထို​အ​ရပ်​တွင်​ထိုင်​လျက်​နေ​၏။ ထို​သူ​တို့​သည် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​တို့​၏ အ​ပြစ်​များ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သော​စ​ကား​ကြောင့် ကြောက်​လန့် နေ​ကြ​သူ​များ​ဖြစ်​သ​တည်း။

Common Language Bible

In The King James Version

Then were assembled unto me every one that trembled at the words of the God of Israel, because of the transgression of those that had been carried away; and I sat astonied until the evening sacrifice.

In Context

3ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် အ​ဝတ်​များ​ကို​ဆုတ်​ပြီး​နောက် ဆံ​ပင်​နှင့် မုတ်​ဆိတ်​ကို​ဆွဲ​နုတ်​ကာ​ဝမ်း​နည်း​လျက် ထိုင်​နေ​၏။-

5ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ငါ သည်​ညည်း​တွား​မြည်​တမ်း​လျက် ထိုင်​၍​နေ​ရာ မှ​ထ​ပြီး​လျှင် စုတ်​နေ​သော​အ​ဝတ်​များ​နှင့်​ပင် ဒူး​ထောက်​လျက် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။-

Read all of ဧဇရမှတ်စာ 9

Cross References

Exodus 29:39နံ​နက်​တွင်​တစ်​ကောင်၊ ည​နေ​တွင်​တစ်​ကောင် ပူ​ဇော်​ရ​မည်။-

Numbers 25:6မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် တဲ​တော်​တံ​ခါး​ဝ​တွင်​ငို​ကြွေး​မြည် တမ်း​လျက်​ရှိ​နေ​စဉ် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​သည်​သူ​တို့​ရှေ့​မှောက်​၌ မိ​ဒျန်​အ​မျိုး သ​မီး​တစ်​ယောက်​ကို​မိ​မိ​၏​တဲ​အ​တွင်း​သို့ ခေါ်​သွင်း​သွား​သည်​ကို​မြင်​ကြ​၏။-

Ezra 10:3ယ​ခု​အ​ကျွန်ုပ်​တို့​သည်​ထို​မိန်း​မ​များ​နှင့် သား​သ​မီး​များ​ကို​စွန့်​ကြ​ပါ​မည်​ဟု အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​အား​ကျိန်​ဆို​က​တိ​ပြု ရ​ကြ​မည်။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​များ ကို​ရို​သေ​လေး​စား​ကြ​သော​အ​ရှင်​နှင့် အ​ခြား သူ​များ​အ​ကြံ​ပေး​သည့်​အ​တိုင်း အ​ကျွန်ုပ် တို့​ပြု​ကြ​ပါ​မည်။ ဘု​ရား​သ​ခင်​၏​တ​ရား တော်​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း​ပြု​ပါ​မည်။-

Isaiah 66:2ငါ​သည်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း တော်​မူ​ခဲ့​၍ ဤ​အ​ရာ​များ​ပေါ်​ပေါက်​လာ ရ​သည်​မ​ဟုတ်​လော။ စိတ်​နှ​လုံး​နှိမ့်​ချ​၍ နောင်​တ​ရ​သူ​များ​နှင့်​ငါ့​ကို​ကြောက်​ရွံ့ ရို​သေ​ကာ ငါ​၏​စ​ကား​ကို​နား​ထောင်​သူ များ​ကို​ငါ​နှစ်​သက်​၏။

Ezekiel 9:4``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​လျှောက်​လုံး တွင်​လှည့်​လည်​ကာ ယ​ခု​လူ​တို့​ပြု​ကျင့်​လျက် ရှိ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့် ညည်း​တွား​မြည်​တမ်း​နေ​သူ​မှန်​သ​မျှ​၏ န​ဖူး​တွင် အ​မှတ်​သ​ညာ​ကို​ရေး​မှတ်​လော့'' ဟု​မိန့်​တော်​မူ​၏။

Acts 3:1တစ်​နေ့​သ​၌​ဝတ်​ပြု​ကိုး​ကွယ်​ချိန်​မွန်း​လွဲ သုံး​နာ​ရီ​တွင် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဧဇရမှတ်စာ 9:4

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဧဇရမှတ်စာ 9:3ဧဇရမှတ်စာ 9ဧဇရမှတ်စာ 9:5 →