The Bible Software
bible.software › ဧဇရမှတ်စာ › ဧဇရမှတ်စာ 9 › ဧဇရမှတ်စာ 9:6

ဧဇရမှတ်စာ 9:6

ငါ​က``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ရှေ့​တော်​၌ ခေါင်း​မ​မော်​ဝံ့​အောင်​ပင်​ရှက်​ပါ​၏။ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​သည် အ​ကျွန်ုပ်​တို့ ဦး​ခေါင်း​ကို​လွှမ်း​မိုး​သည့်​တိုင်​အောင်​များ​ပြား ပါ​၏။ ထို​အ​ပြစ်​များ​သည် မိုး​ကောင်း​ကင် အ​ထိ​မြင့်​မား​ကြီး​လေး​ပါ​၏။-

Common Language Bible

In The King James Version

And said, O my God, I am ashamed and blush to lift up my face to thee, my God: for our iniquities are increased over our head, and our trespass is grown up unto the heavens.

In Context

5ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ငါ သည်​ညည်း​တွား​မြည်​တမ်း​လျက် ထိုင်​၍​နေ​ရာ မှ​ထ​ပြီး​လျှင် စုတ်​နေ​သော​အ​ဝတ်​များ​နှင့်​ပင် ဒူး​ထောက်​လျက် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။-

7ဘိုး​ဘေး​များ​လက်​ထက်​မှ​အ​စ​ပြု​၍​ယ​နေ့ တိုင်​အောင်​ပင် ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ကျွန်ုပ် တို့​သည် လွန်​စွာ​အ​ပြစ်​ကူး​ခဲ့​ကြ​ပါ​၏။ ထို အ​ပြစ်​များ​ကြောင့်​အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​မျိုး​ခြား​ဘု​ရင် များ​၏​လက်​သို့​အပ်​နှင်း​ခြင်း၊ ဋ္ဌား​ဘေး​သင့်​ခြင်း၊ လု​ယက်​ခြင်း၊ သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး​သွား​ခြင်း၊ ယ​ခု​အ​ခါ​၌​ကဲ့​သို့​လုံး​ဝ​အ​သ​ရေ​ပျက် ခြင်း​တို့​ကို​ခံ​ရ​ကြ​ပါ​၏။-

Read all of ဧဇရမှတ်စာ 9

Cross References

Exodus 32:31မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​၍``ဤ​သူ​တို့​သည်​ကြီး​လေး​သော ပြစ်​မှု​ကို​ကူး​လွန်​ခဲ့​ပါ​ပြီ။ ရွှေ​ဘု​ရား ကို​သွန်း​လုပ်​၍​ကိုး​ကွယ်​ကြ​ပါ​၏။-

1 Kings 8:47ထို​တိုင်း​ပြည်​သည်​အ​လွန်​ဝေး​ကွာ​လျက်​ပင်​နေ စေ​ကာ​မူ ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ကယ်​၍​သူ တို့​သည်​ထို​ပြည်​တွင်​နောင်​တ​ရ​လျက် မိ​မိ​တို့ အ​ဘယ်​မျှ​အ​ပြစ်​ကူး​ခဲ့​၍​အ​ဘယ်​မျှ​ဆိုး ညစ်​ယုတ်​မာ​ခဲ့​ကြောင်း​ကို​ဖော်​ပြ​ဝန်​ခံ​လျက် အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ လျှင် အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​ဆု​တောင်း ပတ္ထနာ​ကို​နား​ညောင်း​တော်​မူ​ပါ။-

Ezra 9:13အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​ဒု​စ​ရိုက် များ​အ​တွက် ဤ​မျှ​အ​ပြစ်​ဒဏ်​ခံ​ကြ​ရ​ပြီး သော်​လည်း၊ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ခံ​ထိုက်​သည် ထက်​ပင်​လျှော့​၍​အ​ပြစ်​ပေး​တော်​မူ​ကာ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​စေ​တော်​မူ​ပြီ။-

Nehemiah 1:6အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​ကို​ကြည့်​တော် မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​တွက် နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​တောင်း​လျှောက်​သော​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သူ​အ​ကျွန်ုပ်​တို့​သည် လည်း​ကောင်း၊ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ် ကြောင်း​အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​သည်​လည်း ကောင်း​ဝန်​ခံ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ် ကူး​လွန်​မိ​ပါ​ပြီ။-

Job 42:6ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။

Psalms 38:5ကျွန်​တော်​မျိုး​၏​မိုက်​မဲ​မှု​ကြောင့်​ရ​ရှိ​သော အ​နာ​များ​သည်​ပုပ်​စပ်​နံ​စော်​လျက်​နေ​ပါ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဧဇရမှတ်စာ 9:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဧဇရမှတ်စာ 9:5ဧဇရမှတ်စာ 9ဧဇရမှတ်စာ 9:7 →