ဂလာတိဩဝါဒစာ 1:5
ထိုအရှင်သည်ကာလအစဉ်အဆက် ဘုန်း အသရေထွန်းတောက်တော်မူပါစေသတည်း။
Common Language Bible
In The King James Version
To whom be glory for ever and ever. Amen.
In Context
Cross References
Psalms 41:13ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။ အာမင်၊ အာမင်။
Isaiah 24:15အရှေ့အရပ်မှလူတို့ကကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။ ပင်လယ်ကမ်းခြေ တွင်နေထိုင်ကြသူတို့သည်လည်း ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားထောမနာပြုကြလိမ့်မည်။-
Matthew 6:13အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
Luke 2:14``ကောင်းကင်ဘဝဂ်ဝယ်ထာဝရဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာပေါ်တွင်ကိုယ်တော်နှစ်သက်တော်မူသော လူအပေါင်းတို့၌ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း'' ဟုမြွက်ဆိုကြ၏။
Romans 16:27တစ်ဆူတည်းသာလျှင် ဉာဏ်တော်အနန္တနှင့်ပြည့်စုံ တော်မူသောဘုရားသခင်သည်ယေရှုခရစ်အား ဖြင့် ထာဝစဉ်ဘုန်းအသရေထွန်းတောက်တော်မူ ပါစေသတည်း။ အာမင်။ ရောမသြဝါဒစာပြီး၏။
Philippians 4:20ငါတို့၏အဖဘုရားသခင်သည်ကမ္ဘာအဆက် ဆက် ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။