ဂလာတိဩဝါဒစာ 2:12
ယာကုပ်စေလွှတ်လိုက်သောသူများမရောက်မီ သူသည်လူမျိုးခြားတို့နှင့်အတူစားသောက် လျက်နေ၏။ သို့သော်လည်းယာကုပ်စေလွှတ် လိုက်သောသူတို့ရောက်ရှိလာသောအခါ၌ မူကား လူမျိုးခြားတို့နှင့်ပေါင်းဖော်စား သောက်မှုကိုမပြုတော့ချေ။ အဘယ်ကြောင့် ဆိုသော်သူသည်လူမျိုးခြားတို့အား အရေ ဖျားလှီးမင်္ဂလာခံစေလိုသောသူတို့ကို ကြောက်သောကြောင့်ဖြစ်သည်။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 57:11ထာဝရဘုရားက``ငါ့အားလိမ်လည်ပြော ဆို၍လုံးဝမေ့လျော့၍အမှတ်မရကြ သည့်တိုင်အောင် သင်တို့ကြောက်လန့်ကြသည့် ဘုရားများကားအဘယ်သူများပေနည်း။ ငါသည်ကြာမြင့်စွာဆိတ်ဆိတ်နေခဲ့သဖြင့် သင်တို့သည်ငါ့ကိုမကြောက်တော့ဘဲရှိနေ ကြပါသလော။-
Matthew 26:69ပေတရုသည်အပြင်ဖက်ကျောင်းတော်ဝင်းအတွင်း ၌ထိုင်လျက်နေစဉ်အစေခံမကလေးတစ်ယောက် သည်ရောက်လာ၍ `သင်သည်လည်းဂါလိလဲပြည်သား ယေရှုနှင့်ပေါင်းဖော်သူဖြစ်သည်'' ဟုဆို၏။
Luke 15:2ဖာရိရှဲများနှင့်ကျမ်းတတ်ဆရာများက ``ဤ သူသည်အပြစ်ကူးသူများအားလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား'' ဟုညည်းတွားပြောဆိုကြ၏။-
Acts 11:2ယေရုရှလင်မြို့သို့ပေတရုရောက်လာသော အခါ လူမျိုးခြားတို့အားအရေဖျားလှီး မင်္ဂလာပေးခြင်းကိုလိုလား သူတို့သည် ပေတရုနှင့်ဆွေးနွေးငြင်းခုံကြ၏။-
Galatians 2:9အသင်းတော်၏မဏ္ဍိုင်များဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့်ယောဟန်တို့ကငါ့ အားဘုရားသခင်ပေးတော်မူသောအခွင့် ထူးကို အသိအမှတ်ပြုကြပေသည်။ သို့ ဖြစ်၍ငါတို့အားလုံးသည်လုပ်ဖော်ကိုင် ဘက်များဖြစ်ကြောင်းကိုပြသည့်အနေ ဖြင့် သူတို့သည်ဗာနဗနှင့်ငါ့အားလက် ဆွဲ၍နှုတ်ဆက်ကြ၏။ ငါတို့ကလူမျိုး ခြားတို့ထံတွင်အမှုတော်ဆောင်ရန်နှင့် သူတို့ကယုဒအမျိုးသားတို့ထံတွင် အမှုတော်ဆောင်ရန်သဘောတူကြသည်။-
Ephesians 2:19သို့ဖြစ်၍သင်တို့သည်လူမျိုးခြားမဟုတ်၊ သူ စိမ်းတစ်ရံဆံလည်းမဟုတ်ကြတော့ပေ။ သင်တို့ သည်ဘုရားသခင်၏လူစုတော်နှင့်အတူပြည် တော်သားများ၊ ကိုယ်တော်၏အိမ်ထောင်စုသား များဖြစ်ကြလေပြီ။-