ဂလာတိဩဝါဒစာ 3:13
``သစ်တိုင်ပေါ်မှာဆွဲ၍အသတ်ခံရသူသည် ဘုရားသခင်၏ကျိန်စာသင့်သူဖြစ်၏'' ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကျိန်စာသင့်သူအဖြစ်ကိုခံ ယူတော်မူပြီးနောက် ငါတို့အားပညတ်တရား ကြောင့်ကျိန်စာသင့်သည့်ဘေးမှရွေးနုတ် ကယ်တင်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 21:23ညအိပ်၍မထားရ။ အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားခြင်းသည်တိုင်းပြည်အတွက် အမင်္ဂလာဖြစ်သောကြောင့် အလောင်းကိုနေ့ ချင်းတွင်းမြှုပ်နှံရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူမည့်ပြည် ကို မညစ်ညမ်းစေရန်ထိုအလောင်းကိုမြှုပ်နှံ လော့။''
2 Samuel 17:23အဟိသောဖေလသည်မိမိပေးသည့် အကြံကိုမလိုက်ကြကြောင်းသိရှိသော အခါ မြည်းကိုကုန်းနှီးတင်၍မိမိနေရင်း မြို့သို့ပြန်လေ၏။ သူသည်မိမိ၏အမှု ကိစ္စအဝဝကိုစီစဉ်ဆောင်ရွက်ပြီးနောက် ကြိုးဆွဲချ၍သေလေ၏။ သူ့အလောင်းကို သက်ဆိုင်ရာဆွေမျိုးစုသင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။
2 Samuel 18:14ယွာဘက``ငါသည်သင်နှင့်ထပ်မံ၍အချိန် မဖြုန်းလိုတော့ပြီ'' ဟုဆိုပြီးလျှင်လှံသုံး စင်းကိုယူ၍ဝက်သစ်ချပင်မှတွဲလွဲကျ လျက် အသက်ရှင်နေသောအဗရှလုံ၏ ရင်ကိုထုတ်ချင်းပေါက်ထိုးလေသည်။-
2 Samuel 21:9ဂိဗောင်မြို့မှလူတို့သည်ထိုသူတို့အား တောင်ပေါ်တွင် ထာဝရဘုရား၏ရှေ့တော် ၌စက်တိုင်တင်လိုက်ကြ၏။ ထိုသူခုနစ် ယောက်စလုံးတို့သည်နွေဦးပေါက်မုယော စပါးရိတ်သိမ်းစကာလ၌တစ်ပြိုင်နက် သေကြလေသည်။
Esther 7:10သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
Isaiah 55:5ယခုတွင်နိုင်ငံခြားအမျိုးသားတို့ကိုသင်သည်ဆင့်ခေါ်မည်။ အခါတစ်ပါးကသူတို့သည်သင်တို့ကို မသိကြသော်လည်း၊ ယခုအခါ၌မူသင်တို့ထံသို့ပြေး၍ ဝင်လာကြလိမ့်မည်။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့် ဘုရားဖြစ်တော်မူသောသင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ဤအမှုအရာအပေါင်းကို ဖြစ်ပျက်စေတော်မူလိမ့်မည်။ ငါသည်သင်တို့အားဂုဏ်အသရေနှင့် ဘုန်းအသရေကိုပေးတော်မူမည်။''