ဂလာတိဩဝါဒစာ 4:11
ငါသည်သင်တို့အတွက်စိုးရိမ်မိ၏။ သင်တို့ အတွက် ငါလုပ်ဆောင်ခဲ့သမျှသောအရာတို့ သည်အချည်းနှီးဖြစ်ရလေတော့မည်လော။
Common Language Bible
In The King James Version
I am afraid of you, lest I have bestowed upon you labour in vain.
In Context
10သင်တို့သည်အချို့သောနေ့၊ လ၊ ရာသီနှင့်နှစ်များ ကိုအထူးဂရုစိုက်အရေးပေးနေကြသည်။-
Cross References
Acts 16:6သူတို့သည်ဖြုဂိပြည်နှင့်ဂလာတိပြည်တို့ ကိုဖြတ်သွားကြ၏။ သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့အားအာရှပြည်၌နှုတ်ကပတ်တရား တော်ကိုဟောပြောခွင့်ပေးတော်မမူ။-
2 Corinthians 11:2ဘုရားသခင်သည်သင်တို့ကိုမနာလိုစိတ်ရှိ တော်မူသကဲ့သို့ ငါသည်သင်တို့ကိုမနာလို စိတ်ရှိ၏။ သင်တို့သည်ခရစ်တော်တစ်ဦးတည်း နှင့်စုံဖက်ထိမ်းမြားရန် ငါကတိပြုထားသည့် အပျိုစင်နှင့်တူကြ၏။-
Galatians 2:2ဘုရားသခင်၏ဗျာဒိတ်တော်အတိုင်း ဤသို့ သွားရောက်ခြင်းဖြစ်သည်။ ငါသည်ခေါင်းဆောင် များနှင့်သာတွေ့ဆုံကာလူမျိုးခြားတို့အား ငါဟောပြောကြေညာသည့်သတင်းကောင်း ကိုတင်ပြ၏။ ဤသို့တင်ပြရခြင်းမှာ ယခင် အခါကသော်လည်းကောင်း၊ ယခုအခါ ၌သော်လည်းကောင်း ငါကြိုးစားဆောင်ရွက် သည့်အမှုတော်ကိုအချည်းနှီးမဖြစ်စေ လိုသောကြောင့်ဖြစ်၏။-
Galatians 5:2နားထောင်ကြလော့။ ငါပေါလုဆိုသည်ကား အကယ်၍ သင်တို့သည်အရေဖျားလှီးမင်္ဂလာ ကိုခံကြမည်ဆိုပါက ခရစ်တော်အားဖြင့် သင်တို့အဘယ်အကျိုးကိုမျှမရနိုင်ကြ။-
1 Thessalonians 3:5ထို့ကြောင့်ငါသည်တိမောသေကိုစေလွှတ်လိုက် ၏။ ငါသည်မစောင့်ဆိုင်းနိုင်တော့သဖြင့် သင်တို့ ၏ယုံကြည်ခြင်းခိုင်မြဲသည်မခိုင်မြဲသည်ကို သိလို၍ သူ့ကိုစေလွှတ်လိုက်၏။ သင်တို့သည် မာရ်နတ်၏စုံစမ်းသွေးဆောင်ရာသို့လိုက်ပါ သဖြင့် ငါတို့လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးဖြစ်မည်ကိုငါစိုးရိမ်မိ၏။