ဂလာတိဩဝါဒစာ 4:18
ရိုးသားသည့်ရည်ရွယ်ချက်ဖြင့်စိတ်ဝင်စားလျှင် ကောင်း၏။ ထိုသို့သောစိတ်ဝင်စားမှုသည်သင်တို့ နှင့်အတူငါရှိနေချိန်အတွင်းသာမကအစဉ် ရှိအပ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 69:9ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည် ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်ရှင်အားစော်ကားပြောဆိုသော စကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။
Isaiah 59:17ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
1 Corinthians 15:58သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
Galatians 4:20သင်တို့အားငါဆုံးမသံပြောင်းစေရန်ငါသည် ယခုပင်လျှင် သင်တို့နှင့်အတူရှိချင်ပါဘိ။ ငါ သည်သင်တို့အတွက်အလွန်စိုးရိမ်ပူပန်လျက် ရှိ၏။
Philippians 2:12သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။
Revelation 3:19ငါသည်မိမိချစ်သောသူအပေါင်းတို့အား ဆုံးမ၍အပြစ်ဒဏ်ပေးတတ်၏။ ထိုကြောင့် သင်သည်စိတ်အားထက်သန်လော့။ နောင်တ ရလော့။-