ဂလာတိဩဝါဒစာ 5:23
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း တို့ပေတည်း။ ဤအရာများနှင့်ပတ်သက်၍ပြဋ္ဌာန်း ထားသည့်တရားဥပဒေဟူ၍မရှိ။-
Common Language Bible
In The King James Version
Meekness, temperance: against such there is no law.
In Context
Cross References
Acts 24:25သို့ရာတွင်ပေါလုသည်ကောင်းမြတ်ခြင်း အကြောင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း အကြောင်းကိုလည်းကောင်း၊ သက်ရောက်လတ္တံ့ သောတရားစီရင်တော်မူရာနေ့ရက် အကြောင်းကိုလည်းကောင်း ဟောပြောသော အခါဖေလဇ်သည်ကြောက်လန့်သဖြင့် ``ယခု သင်သွားနိုင်ပြီ။ နောင်အခွင့်ကြုံသည့်အခါ သင့်ကိုငါခေါ်ဦးမည်'' ဟုဆို၏။-
1 Timothy 1:9သို့ရာတွင်တရားဥပဒေများကိုလူကောင်း တို့အတွက်မဟုတ်။ တရားလက်လွတ်စည်းမဲ့ ကမ်းမဲ့ကျင့်ကြံသူများ၊ ပြစ်မှုကူးလွန်သူ များ၊ ဘုရားကိုမကြည်ညိုသူများ၊ အပြစ် ကူးသူများ၊ ဘာသာတရားကိုင်းရှိုင်းမှု မရှိသူများ၊ အဖကိုသတ်သူများနှင့် အမိကိုသတ်သူများ၊ သူသတ်သမားများ၊-
Titus 2:2အသက်အရွယ်ကြီးရင့်သူအမျိုးသားတို့အား သမ္မာသတိရှိရန်၊ တည်ကြည်ရန်နှင့်ဣန္ဒြေစောင့် စည်းကြရန်လည်းကောင်း၊ စစ်မှန်သောယုံကြည် ခြင်း၊ မေတ္တာ၊ ခံနိုင်ရည်တို့ဖြင့်ပြည့်ဝကြစေရန် လည်းကောင်းသွန်သင်လော့။-