ဂလာတိဩဝါဒစာ 5:25
ဝိညာဉ်တော်သည်ငါတို့အားအသက်ရှင်စေပြီ။ ဝိညာဉ်တော်ဦးဆောင်လမ်းပြတော်မူသည် အတိုင်းကျင့်ရကြမည်။-
Common Language Bible
In The King James Version
If we live in the Spirit, let us also walk in the Spirit.
In Context
26ငါတို့သည်မာန်မာနမရှိရ။ အချင်းချင်း အမျက်ထွက်အောင်မဆွရ။ မနာလိုခြင်း မရှိရ။
Cross References
Romans 8:2အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
Romans 8:10သို့သော်သင်တို့တွင်ခရစ်တော်ကျိန်းဝပ်တော် မူလျှင်အပြစ်တရားကြောင့် သင်တို့၏ကိုယ်ခန္ဓာ သေရမည်ဖြစ်သော်လည်းသင်တို့၏ဝိညာဉ်မူ ကားရှင်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိပြီးသောကြောင့်တည်း။-
2 Corinthians 3:6ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
1 Peter 4:6ဤအကြောင်းကြောင့်သေလွန်သူတို့သည်ဘုရား သခင်ဝိညာဉ်အားဖြင့်အသက်ရှင်နိုင်ကြစေ ရန် သူတို့အားသတင်းကောင်းကိုကြေညာရ ခြင်းဖြစ်၏။ ထိုသူတို့သည်ကာယအားဖြင့် အသက်ရှင်စဉ်အခါကလူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကိုခံခဲ့ရသူများဖြစ် သည်။