ကမ္ဘာဦးကျမ်း 10:32
ဤလူမျိုးအားလုံးတို့သည်သူတို့၏အဆက် အနွယ်နှင့် လူမျိုးအသီးသီးအလိုက်ဖော်ပြ ထားသောနောဧ၏သားစဉ်မြေးဆက်တို့ဖြစ် သတည်း။ ရေလွှမ်းမိုးပြီးနောက်ကမ္ဘာမြေကြီး ပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် နောဧ ၏သားများမှဆင်းသက်လာသောအဆက် အနွယ်များပင်ဖြစ်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 5:29``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။-
Genesis 9:7``သင်တို့၏သားစဉ်မြေးဆက်တို့သည်ကမ္ဘာမြေကြီးပေါ်တွင် နေရာအနှံ့အပြားနေထိုင်နိုင်စေရန်သားသမီးမြောက်မြားစွာမွေးဖွားကြလော့'' ဟုမိန့်တော်မူ၏။
Genesis 10:1ရေလွှမ်းမိုးပြီးသည့်နောက်နောဧ၏သားများ ဖြစ်ကြသောရှေမ၊ ဟာမနှင့်ယာဖက်တို့မှ ဆင်းသက်သောသားစဉ်မြေးဆက်ကိုဖော်ပြ ပေအံ့။-
Genesis 10:20ဤလူမျိုးတို့သည်ကားအပြည်ပြည်တို့၌နေ ထိုင်၍ လူမျိုးစုအလိုက်သီးခြားဘာသာ စကားများကိုပြောဆိုကြသောဟာမ၏ အဆက်အနွယ်များဖြစ်ကြ၏။
Genesis 10:31ဤလူမျိုးတို့သည်ကားလူအမျိုးမျိုးကွဲပြား လျက် အပြည်ပြည်တို့၌နေထိုင်၍ လူမျိုးစုအလိုက် သီးခြားဘာသာစကားများကိုပြောဆိုကြ သောရှေမ၏အဆက်အနွယ်များဖြစ်ကြ၏။
Acts 17:26ကိုယ်တော်သည်ဦးစွာပထမလူတစ်ယောက် ကိုဖန်ဆင်းတော်မူ၍ ထိုလူမှလူမျိုးတကာ တို့အားဆင်းသက်လာစေပြီးလျှင်ကမ္ဘာအရပ် ရပ်တွင်နေထိုင်စေတော်မူ၏။ ထိုလူမျိုးအသီး သီးတို့သက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကိုကြိုတင်ပိုင်းခြားသတ်မှတ်ပေး တော်မူ၏။-