ကမ္ဘာဦးကျမ်း 10:5
ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 9:19ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် နောဧ၏သားသုံးယောက်တို့မှဆင်းသက်ပေါက်ပွားလာကြကုန်၏။
Genesis 10:25ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ သားတစ်ယောက် ကိုဖာလက်ဟုနာမည်မှည့်၏။ ထိုသား၏လက်ထက် တွင်ကမ္ဘာလောက၌နေထိုင်ကြသောလူတို့သည် ကွဲပြားသွားခြင်းကြောင့်ထိုနာမည်ကိုပေးခြင်း ဖြစ်၏။ အခြားသောသားကိုယုတ္တန်ဟုနာမည် မှည့်ခေါ်၏။-
Genesis 11:1အစပထမ၌ကမ္ဘာတစ်ဝန်းလုံးရှိလူတို့ သည် ဘာသာစကားတစ်မျိုးတည်းပြောကြ ၏။-
Genesis 11:9ထာဝရဘုရားသည်လူသားအပေါင်းတို့ ၏ဘာသာစကားကိုရှုပ်ထွေးစေ၍ သူတို့ ကိုကမ္ဘာအရပ်ရပ်သို့ကွဲလွင့်စေတော်မူခဲ့ ခြင်းကြောင့် ထိုမြို့ကိုဗာဗုလုန်မြို့ဟူ၍ ခေါ်တွင်ကြ၏။
Esther 10:1ဇေရဇ်မင်းသည်မိမိ၏အင်ပါယာနိုင်ငံ တော်ကမ်းရိုးတန်းဒေသများတွင်နေထိုင် သူများနှင့် နိုင်ငံတော်အတွင်းပိုင်းတွင်နေ ထိုင်သူများကို ချွေးတပ်များတွင်အမှု ထမ်းစေတော်မူ၏။-
Isaiah 11:11ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-