ကမ္ဘာဦးကျမ်း 11:27
တေရ၏သားစဉ်မြေးဆက်တို့ကိုဖော်ပြပေအံ့။ တေရသည် အာဗြံ၊ နာခေါ်နှင့်ခါရန်တို့၏ဖခင် ဖြစ်၏။ ခါရန်သည်လောတ၏ဖခင်ဖြစ်၏။-
Common Language Bible
In The King James Version
Now these are the generations of Terah: Terah begat Abram, Nahor, and Haran; and Haran begat Lot.
In Context
26တေရသည်လည်းအသက်ခုနစ်ဆယ်ရှိသော် အာဗြံ၊ နာခေါ်နှင့်ခါရန်အမည်ရှိသားတို့ကိုရလေ၏။
Cross References
Genesis 11:31တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။-
Genesis 12:5အာဗြံသည်မယားစာရဲ၊ တူလောတ၊ ရှိသမျှ သောဥစ္စာပစ္စည်းနှင့်တကွ ခါရန်မြို့၌ရရှိသော ကျေးကျွန်အားလုံးတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့ခရီးထွက်ခဲ့လေသည်။ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊-
Genesis 14:12သောဒုံမြို့တွင်နေထိုင်သောအာဗြံ၏တူ လောတနှင့်တကွ သူ၏ပစ္စည်းရှိသမျှတို့ ကိုဖမ်းဆီးယူဆောင်သွားကြလေသည်။
Genesis 22:20မကြာမီအာဗြဟံသည်သူ၏ညီနာခေါ်၏ မယားမိလခါတွင်သားရှစ်ယောက်ထွန်းကား ကြောင်းကြားသိရလေသည်။-