ကမ္ဘာဦးကျမ်း 12:5
အာဗြံသည်မယားစာရဲ၊ တူလောတ၊ ရှိသမျှ သောဥစ္စာပစ္စည်းနှင့်တကွ ခါရန်မြို့၌ရရှိသော ကျေးကျွန်အားလုံးတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့ခရီးထွက်ခဲ့လေသည်။ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊-
Common Language Bible
In The King James Version
In Context
Cross References
Genesis 10:19ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။-
Genesis 11:31တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။-
Genesis 14:14သူ၏တူဖမ်းဆီးခြင်းခံရကြောင်းကိုကြား သိရသောအခါ အာဗြံသည်သူ၏စခန်းမှ တိုက်ရည်ခိုက်ရည်ရှိသူသုံးရာတစ်ဆယ့်ရှစ် ယောက်တို့ကိုစုရုံးပြီးလျှင် ဘုရင်လေးပါး နောက်သို့ဒန်မြို့တိုင်အောင်လိုက်လေ၏။-
Genesis 46:5ထိုနောက်ယာကုပ်သည်ဗေရရှေဘအရပ်မှ ထွက်လာခဲ့လေသည်။ သူ၏သားတို့သည်မိမိ တို့၏အဖယာကုပ်၊ သူတို့၏မယားများ၊ သား သမီးငယ်များအားဖာရောဘုရင်ပို့လိုက် သောလှည်းများကိုစီးစေကြ၏။-
Hebrews 11:8အာဗြဟံသည်ဘုရားသခင်ခေါ်တော်မူ သောအခါ ကိုယ်တော်၏စကားကိုနားထောင်၍ မိမိအားကတိထားတော်မူသောပြည်သို့ ယုံကြည်ခြင်းအားဖြင့်ထွက်ခွာသွား၏။ သူ သည်အဘယ်အရပ်သို့သွားရမည်ကို မသိဘဲ မိမိ၏ရပ်ရွာကိုစွန့်ခဲ့ပေသည်။-