ကမ္ဘာဦးကျမ်း 14:16
သိမ်းယူသွားသောပစ္စည်းအားလုံးကိုပြန်လည် ရရှိလေသည်။ တူလောတနှင့်သူ၏ပစ္စည်းများ ကိုလည်းကောင်း၊ အမျိုးသမီးများနှင့်အခြား အဖမ်းခံရသူများကိုလည်းကောင်း ပြန်လည် ခေါ်ဆောင်ခဲ့လေသည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:2ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
Genesis 50:7သို့ဖြစ်၍ယောသပ်သည် သူ၏အဖကိုသင်္ဂြိုဟ် ခြင်းငှာသွားလေ၏။ ဖာရောဘုရင်၏အရာ ရှိများ၊ နန်းတော်မှအကြီးအကဲများနှင့် အီဂျစ်ပြည်မှအရာရှိအပေါင်းတို့သည် ယောသပ်နှင့်အတူလိုက်ပါပို့ဆောင်ကြ၏။-
1 Samuel 30:18ဒါဝိဒ်သည်မိမိမယားနှစ်ယောက်နှင့်တကွ အာမလက်အမျိုးသားတို့သိမ်းယူသွား သမျှတို့ကိုပြန်လည်ရရှိလိုက်လေသည်။-
Isaiah 41:2အရှေ့ပြည်မှစစ်နိုင်ဘုရင်ကိုအဘယ်သူ ခေါ်ဆောင်တော်မူခဲ့ပါသနည်း။ ရောက်ရှိလေရာအရပ်တို့တွင် သူ့အားအဘယ်သူသည်အောင်မြင်ခွင့်ကို ပေးတော်မူပါသနည်း။ အဘယ်သူသည်သူ့အားဘုရင်တကာတို့ အပေါ်၌လည်းကောင်း လူမျိုးတကာတို့အပေါ်၌လည်းကောင်း အောင်ပွဲကိုခံစေတော်မူပါသနည်း။ သူ၏ဋ္ဌားသည်ရန်သူတို့အားမြေမှုန့်သဖွယ် ခုတ်ချတတ်ပါသည်တကား။ သူ၏လေးမြားတို့သည်လည်းထိုသူတို့ကို လေတိုက်ရာတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့ ကွဲလွင့်စေတတ်ပါသည်တကား။