ကမ္ဘာဦးကျမ်း 14:5
တစ်ဆယ့်လေးနှစ်သို့ရောက်လျှင်ခေဒေါရလောမာ ဘုရင်သည် မဟာမိတ်တပ်ဖွဲ့တို့နှင့်အတူစစ်ချီ လာ၍ အာရှတရုတ်ကာနိမ်မြို့တွင်ရေဖိမ်အမျိုး သားများကိုလည်းကောင်း၊ ဟာမမြို့တွင်ဇူဇိမ် အမျိုးသားများကိုလည်းကောင်း၊ ကိရယသိမ် လွင်ပြင်တွင်ဧမိမ်အမျိုးသားများကိုလည်း ကောင်း၊-
Common Language Bible
In The King James Version
In Context
Cross References
Genesis 15:20ဟိတ္တိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ရေဖိမ် အမျိုးသား၊-
Deuteronomy 2:10(အာရမြို့တွင်ယခင်အခါက အလွန်ထွား ကြိုင်း၍ခွန်အားကြီးသောဧမိမ်လူမျိုးနေ ထိုင်ခဲ့ကြ၏။-
Deuteronomy 3:11(သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
Deuteronomy 3:22သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘက်၌စစ်ကူတိုက်မည်ဖြစ်သောကြောင့် သူတို့ကိုမကြောက်နှင့်' ဟူ၍မှာကြား၏။''
Joshua 13:12အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့တွင်စိုးစံ ၍ရိဖိမ်အမျိုးသားတို့၏ နောက်ဆုံးအဆက် အနွယ်ဖြစ်သူသြဃမင်း၏ပြည်သည်လည်း ကောင်းပါဝင်သည်။ မောရှေသည်ဤမင်းနှစ် ပါးစလုံးကိုကွပ်မျက်၍သူတို့၏တိုင်း ပြည်များကိုသိမ်းယူခဲ့သည်။-
Joshua 13:31ဂိလဒ်ပြည်တစ်ဝက်နှင့်သြဃမင်းအစိုးရ သောဗာရှန်ပြည်၏မြို့တော်များဖြစ်သည့် အာရှတရုတ်မြို့နှင့်ဧဒြိမြို့များလည်း ပါဝင်သည်။ အထက်ဖော်ပြပါနယ်မြေသည် မနာရှေ၏သားမာခိရ၏မိသားစုတစ် ဝက်တို့အတွက်ဝေစုဖြစ်သည်။